Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားဟင်းနဲ့ ပြည်ပလာတာချက်နည်း

ပြည်ပလာတာက အခြားမြို့ တွေနဲ့မတူပဲ အရသာကောင်းလွန်းလို့ ပြည်မြို့ ရောက်တိုင်း နှစ်ခြိုက်စွာ စားသုံးကြတာ များပါတယ်။  ပြည်ပလာတာကို ဆိုင်တွင်

သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင် ချက်စားနိုင်တဲ့ နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ပလာတာ၊ ကြက်သား၊ အာလူး၊ ကုလားပဲ၊ ငရုတ်ပွခြောက်၊ ကြက်သွန်နီ၊ ချင်း၊ ကရဝေးရွက်၊ ပဲနံ့သာစေ့၊ မဆလာ၊ ဆီ၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပရာသီး၊ အရသာမှုန့်၊ နနွင်းမှုန့်၊ ပူစီနံတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကုလားပဲများကို(၃)နာရီခန့် ရေစိမ်ပီးနူးအောင်ပြုတ်ထားပါ ပဲနူးလျှင်အအေးခံ၍ကြိတ်စက်(Blender)ထဲသို့ ထည့်ကြိတ်ကာအိုးအကြီးတစ်လုံးထဲသို့ပြောင်းထည့်ထားပါ။

 

ပြီးလျှင် ကြက်သားများကိုအရွယ်တော်အတုံးများတုံး၍ ရေဆေးပြီး အရသာမှုန့်၊ နနွင်းမှုန့်၊ ဆား၊ မဆလာတို့ဖြင့်နယ်ကာ ရေခဲသေတ္တာထဲတွင်(၂)နာရီခန့်နှပ်ထားပါ။

 

ပြီးနောက် ငရုတ်ပွခြောက်ကိုရေစိမ်၍ အစေ့ထုတ်ပြီး ကြက်သွန်နီ ချင်းတို့နှင့်ရောကာညက်အောင်ထောင်းထားပါ။

 

ပြီးလျှင် အာလူးများကိုအခွံခွာ၍ လေးစိတ်စိတ်ကာရေစင်အောင်ဆေးပါ။ ထို့နောက်အရသာမှုန့် ဆားတို့ဖြင့်နယ်ကာ ဆီပူပူတွင်(၃)မိနစ်ခန့် ဟိုဘက်ဒီဘက်လှန်ကာကြော်ပြီး ဆယ်ထားပါ။

 

ထိုဆီထဲသို့ ကရဝေးရွက်နှင့် ပဲနံ့သာစေ့တို့ကိုထည့်မွှေပြီး အနံ့မွှေးလာလျှင် ထောင်းထားသောအနှစ်များကိုထည့်၍ဆီသတ်ပါ။

 

အနှစ်များမွှေး၍ကြွပ်လာလျှင်ကြက်သားများထည့်လုံးပါ။အသားများကျစ်လာလျှင်အာလူးထည့်မွှေပြီး ရေနွေးကိုနည်းနည်းချင်းစီ ထည့်၍ချက်ပေးပါ။

 

ကြက်သားနှင့် အာလူးများနူးလာလျှင် ကုလားပဲအနှစ်အိုးထဲသို့ထည့်မွှေပေးပါ။

 

ထို့နောက်ရေနွေးကိုမပျစ်မကျဲရောပေး၍ အရသာမြည်းကာစိတ်ကြိုက်ဖြစ်လျှင်မီးပိတ်ပေးလို့ရပါပြီ။

 

စားခါနီးလျှင် ပန်းကန်တစ်ခုထဲသို့ ပလာတာများမွှထည့်ပေးပြီး အပေါ်မှကြက်သားအာလူးပဲရည်ဆမ်း၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပူစီနံနှင့် သံပရာရည်ထည့်ကာ ရောမွှေပြီး မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 12 December 2018 14:32
Rate this item
(1 Vote)