Myanmar



ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းနှင့် ဆန်စပါးလောက၏ ဝယ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အချက် (၉) ချက်

ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းနှင့် ဆန်စပါးလောက၏ ဝယ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အချက် (၉) ချက်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

MRF Responsible Purchasing Initiatives a code of conduct for Rice Procurement in 2023- 2024 (Version 1)

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံညှိနှိုင်းမှု (၃)ကြိမ်၊ အသင်းချုပ် အစည်းအဝေးများတွင် ညှိနှိုင်းဆွေးနွေးမှုများအရ ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းနှင့် ဆန်စပါးလောက၏ ဝယ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း (Community Standards) များအဖြစ် အောက်ဖော်ပြပါ အချက် (၉) ချက်ကို သတ်မှတ်ထားပါသည်။ Version-1 ဖြစ်ပြီး အခါအားလျော်စွာ ပြင်ဆင်မွမ်းမံ၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပါမည်။

 


 

(၁) ဆန်စပါး ဝယ်ယူမှု ပြုလုပ်ရာတွင် သတ်မှတ်ထားသော အရည်အသွေး၊ အရေအတွက် စံချိန် စံညွှန်းများ နှင့် ကိုက်ညီစွာ ဝယ်ယူမှုပြုလုပ်ရန်။ အစိုဓါတ်၊ အလေးချိန်၊ အချိန်အတွယ်တို့ကို သတ်မှတ်ထားသည့် စပါးအရည်အသွေး၊ ဆန်အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းများ အတိုင်း အထူးအလေးထားပြီး ဝယ်ယူရန်။

 

(၂) နိုင်ငံတော်မှ သတ်မှတ်သည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက် မနည်းစေရန် သတိထားပြီး ဝယ်ယူရန်နှင့် စပါး အမျိုးအစားအလိုက်၊ ဆန်အမျိုးအစားအလိုက် ဒေသအလိုက် ဖြစ်သင့် ဖြစ်ထိုက်သော သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့်သာ ဝယ်ယူရန်။ မိမိအတွက် စပါး၊ ဆန် ရလိုဇောဖြင့် မူမမှန်သော ဈေးများဖြင့် ဝယ်ယူသိုလှောင်ခြင်းသည် မလိုလားအပ်သော နောက်ဆက်တွဲ ပြသနာများ ဖြစ်ပေါ်နိုင်သည်ကို အထူးဂရုစိုက် ရှောင်ကြဉ်ရန်။

 

(၃) ဆန်စပါးကုန်စည်ဒိုင်များ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်အသင်းတို့မှ … ဖြစ်သင့်ဖြစ်ထိုက်ပြီး သင့်တင့်မျှတသော စပါး/ဆန် ရည်ညွှန်းဈေးများကို အခါအားလျော်စွာ (အနည်းဆုံး နှစ်ပတ် တစ်ကြိမ်) သတ်မှတ် ထုတ်ပြန်ပေးမည် ဖြစ်၍ အဆိုပါ ဈေးနှုန်းများနှင့်အညီ ဝယ်ယူရေး ဆောင်ရွက်ရန်နှင့် အခက်အခဲရှိပါက အသိပေးတင်ပြရန်။ 

(အဆိုပါဈေးများသည် ထုတ်လုပ်သူ တောင်သူအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ပိုသာပြီး၊ အနည်းဆုံး ၅၀ ရာခိုင်နှုန်း အကျိုး အမြတ်ကို ထည့်သွင်းတွက်ချက်ထားပြီး စားသုံးသူ ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေ သည့် ဈေးနှုန်းများဖြစ်စေရန် နှင့် ပြည်ပတင်ပို့မှုအတွက် နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင် 

မည့် ဈေးနှုန်းများ ဖြစ်စေရေး ရှေ့ရှုဆောင်ရွက်ထားပါသည်။)

 

(၄) မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် "ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့" များကို အသင်းချုပ် နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ (အများ ယုံကြည်လေးစားပြီး အသင်းအဖွဲ့အကျိုး၊ အများအကျိုးကို ဦးစားပေးထမ်းဆောင်သူများ) ဖြင့် ဖွဲ့စည်းပြီး ဆန်စပါး ဝယ်ယူသိုလှောင် ကြိတ်ခွဲရောင်းချရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အစိုးရဌာနများ နှင့် Public Private Partnership PPP ပုံစံဖြင့် ပူးပေါင်း၍ ဆန်စပါး ဈေးကွက် တည်ငြိမ်မှန်ကန်ရေး ကို ပူးပေါင်းလုပ်ဆောင်မည့် အစီအစဉ်တွင် ကုမ္ပဏီများအနေဖြင့် အဆိုပါ လုပ်ငန်းကြီးကြပ်ရေး အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊

 

(၅) ဆန်ပြည်ပတင်ပို့သည့် Exporter များအနေဖြင့် ဒေသအသီးသီးရှိ ကုန်စည်ဒိုင်များမှ တဆင့် စနစ် တကျ ဝယ်ယူရေးကို ဦးစားပေးလုပ်ဆောင်ရန်၊ ဆန်စပါးထွက်ရှိရာ နယ်ဒေသများမှ ဝယ်ယူမှုများ ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းအဖွဲ့၊ မြို့နယ် လုပ်ငန်းအဖွဲ့တို့ထံ အသိပေး တင်ပြပြီးမှ ဝယ်ယူရန်၊

 

(၆) ဆန်ပြည်ပတင်ပို့သည့် Exporter များ၊ ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်း စသော ပြည်တွင်းစားဆန် များကို ဝယ်ယူသိုလှောင်သူများအနေဖြင့် နယ်မြေဖြတ်ကျော် တိုင်းဒေသကြီး/ ပြည်နယ် ဖြတ်ကျော်၍) စပါး ဝယ်ယူမှုများကို ကြိုတင်အသိပေးခွင့်ပြုချက် မရှိဘဲ မလုပ်ဆောင်ရန်။ တတ်နိုင်သမျှ မိမိဆန်စက်၊ သိုလှောင်ရုံတည်ရှိသည့် ကျောထောက်နောက်ခံဒေသ (hinterland) မှသာ စပါးဝယ်ယူစုဆောင်းရန်။ 

ခြွင်းချက်-အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းအရ ဝယ်ယူ/ ကြိတ်ခွဲဆောင်ရွက်သောလုပ်ငန်းများ၊ စိုက်ပျိုးရေးဦးစီးဌာန၏ ကွပ်ကဲမှုဖြင့် ကန်ထရိုက် လယ်ယာ Contract. Farming ဆောင်ရွက်ကာ စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် လုပ်ဆောင်သည့် လုပ်ငန်းများအနေဖြင့် စပါးကို ထုတ်လုပ်သည့်ဒေသမှ အခြားဒေသတစ်ခုသို့ သယ်ဆောင်၊ သိုလှောင်၊ ကြိတ်ခွဲမှု ဆောင်ရွက်နိုင်မည့် အစီအစဉ်ရှိ၍ အဆိုပါ အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ရန်)

 

(၇)ဆန်ပြည်ပတင်ပို့သည့် Exporter များ အနေဖြင့် မိမိတို့ အထူးပြုမည့် ဒေသများအလိုက် အဆိုပါ ဒေသများရှိ MSME ဆန်စက်များ၊ တောင်သူကြီး Big Farmer များနှင့် ပူးပေါင်းဆောင်ရွက်သည့် စိုက်ပျိုးထုတ်လုပ်မှု နှင့် ကြိတ်ခွဲထုတ်လုပ်မှု တိုးတက်ရေး စီမံချက်၊ MSME များအား အကူအညီ ပေးရေး MSME Engagement စီမံချက်များတွင် ပူးပေါင်းဆောင်ရွက်ရန် နှင့် ကုန်သွယ်မှု သက်သက်ကိုသာ ဆောင်ရွက်ခြင်းမျိုးမှ ထုတ်လုပ်မှုကွင်းဆက် Supply Chain, Value Chain ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုဆောင်ရွက်သည့် ပုံစံကို ပြောင်းလဲကျင့်သုံးရန်။

 

(၈) ကုမ္ပဏီများ၊ ဆန်စပါးလုပ်ငန်းများ အနေဖြင့် ဝယ်ယူမှုဆိုင်ရာ စာရင်းများ၊ မှတ်တမ်းများကို စနစ် တကျ သိမ်းဆည်းထားရှိရန်နှင့် သိုလှောင်ရုံများ၊ သိုလှောင်မှုများကိုလည်း စနစ်တကျ မှတ်ပုံတင် ထားရှိနိုင်ရေး ပြင်ဆင်ထားရန်။

 

(၉) ဆန်စပါးဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေမည့် ဝယ်ယူစုဆောင်းမှုများ လုံးဝ မပြုလုပ်ရန် နှင့် ထိုသို့ဆောင်ရွက်သူများအား ဆန်စပါးလုပ်ငန်း၏ ရေရှည်အကျိုးစီးပွားအတွက် ဝိုင်းဝန်း ဖော်ထုတ် တားမြစ်ရန်။ ထိုကဲ့သို့သော မူမမှန်သည့် ဝယ်ယူစုဆောင်းမှုဆိုင်ရာ သတင်းအချက် အလက်များ၊ ဥပဒေနှင့် ဆန့်ကျင်သော တရားမဝင် ကုန်သွယ်မှုဆိုင်ရာ သတင်းများကို အသင်းချုပ်သို့ ဖြစ်စေ၊ ကုန်စည်ဒိုင်များသို့ ဖြစ်စေ အမည်ဖော်ပြခြင်း မပြုဘဲ တင်ပြအသိပေး သည့် (whistle blower) အစီအစဉ် ကျင့်သုံးမည်ဖြစ်၍ စနစ်တကျ စည်းကမ်းလိုက်နာမှုဖြင့် ဝယ်ယူရေး ဆောင်ရွက်ရန်၊


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 22 September 2023 12:18
Rate this item
(0 votes)