Myanmar
အညာစတိုင် ကုလားပဲညွန့်နဲ့ပုစွန်ခြောက်ကြော်ချက်
အညာဒေသအစားအစာတစ်မျိုးဖြစ်တဲ့ ကုလားပဲညွန့်နဲ့ ပုစွန်ခြောက်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကုလားပဲညွန့်၊ ပုစွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ မျှင်ငါးပိ၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သွန်ဖြူကို ဆီအရင်သတ်ပြီး မွှေးလာလျှင် ငါးပိထည့်ပါ။
ပြီးလျှင် ငါးပိစိမ်းနံ့ ပျောက်လျှင် ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် ပုစွန်ခြောက်တို့ကို ထည့်ပြီးကြော်ပါ။
ပြီးနောက် အနည်းငယ်နွမ်းလာလျှင် ရေနွေးလောင်းပြီး ဆူအောင် တည်ပါ။
ပြီးရင်တော့ ဆူလာလျှင် ဆား၊ ဟင်းခတ်မှုန့်ခပ်၍ နောက်ဆုံးမှ ပဲညွန့်ထည့်ပြီး နှံ့အောင်မွှေပါ။
ပြီးလျှင် ခဏအဖုံးအုပ် တည်ပြီးရင်တော့ ကြော်ချက် ရပါပြီ။ ဟင်းကို အရည်စပ်စပ်ကျန်အောင် ကြော်ရပါတယ်။
ပုစွန်ခြောက်များများနဲ့ ကြော်ချက်လေးချက်လျှင်တော အလွန်စားလို့ကောင်းပြီး အရသာရှိတဲ့ အညာစတိုင် ကုလားပဲညွန့်နဲ့ ပုစွန်ခြောက်ကြော်ချက်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။
Read More >>>>>>> ထမင်းမြိန်စေမယ့် ရခိုင်စတိုင် ငါးနီတူသုပ်



