Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်အစားအစာ သီးစုံရခိုင်လှော်ဟင်း

ရခိုင်အစားအစာစားချင်သူများ ဆီမစားချင်သူများအတွက် အထူးသင့်လျော်တဲ့ သီးစုံရခိုင်လှော်ဟင်းချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး၊ ငရုတ်သီးစိမ်း၊ ငါးပိ၊ ပုစွန်ခြောက်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငရုတ်သီးစိမ်းကို အညှာချွေ ရေအနည်းငယ်ထည့်ပြီး နူးနေအောင် ပြုတ်ပေးထားပါ။

 

ပြီးလျှင် ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီးတို့ကို ရေဆေးပြီး တစ်တစ်ဆစ်ခန့် လှီးဖြတ်ထားပါ။

 

ပြီးနောက် ပြုတ်ထားတဲ့ ငရုတ်သီးများ နူးနေလျှင် ညက်အောင်ထောင်းပေးပါ။

 

Read More >>>>>  ထမင်းမြိန်စေမယ့် ပုံးရည်ကြီးနဲ့ ငါးပိထမင်းသုပ်

 

ပြီးရင်တော့ တည်မည့်အိုးထဲသို့ လှီးဖြတ်ထားသော အသီးများအပြင် ငရုတ်သီးထောင်း၊ ပုစွန်ခြောက်၊ ငါးပိနှင့် ဟင်းခတ်မှုန့်တို့ထည့်၍ အဖုံးအုပ်ပြီး တည်ပေးထားပါ။

 

ပြီးလျှင် အဖုံးဖွင့်ပြီး မွှေပေးထားပါ။

 

ပြီးနောက် ငရုတ်ကောင်းမှုန့်လေးအနည်းငယ်ထည့်၍ မွှေပေးထားပါ။

 

ပြီးရင်တော့ အလွန်အရသာရှိတဲ့ စပ်စပ်လေး သီးစုံရခိုင်လှော်ဟင်းလေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory (WWH)

 

Read times Last modified on Wednesday, 31 July 2019 11:34
Rate this item
(1 Vote)