Myanmar
ငါးဘတ်ငါးပိကောင်နှင့် မရမ်းသီးချက်နည်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မရမ်းသီးပေါ်ချိန်တွင် ချက်စားသင့်တဲ့
ငါးဘတ်ငါးပိကောင်နှင့် မရမ်းသီး ပြုလုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါးဘတ်ငါးပိ၊ မရမ်းသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ဆီတို့ လိုအပ်ပါမယ်။
ပထမဆုံး ငါးဘတ်ငါးပိကောင်ကို အရွယ်တော်အတုံးလေးများတုံး၍ ရေနွေးဖြင့် ခဏစိမ်ထား၍ ပြီးလျှင် ရေသွန် ရေစစ်ထားပါ။
ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ပါးပါးသေးသေး လှီး၍ ဆီသတ်ပါ။ ဆီသတ်ပြီးလျှင် ရေစစ်ထားသည့် ငါးဘတ်ငါးပိကောင် အတုံးလေးတွေကို အိုးထဲသို့ ထည့်လိုက်ပါ။
ပြီးနောက် ဆီကျန်၊ ရေကျန် ချက်ထားပါ။ ငါးဘတ်ငါးပိကောင်ကျက်လို့ ချခါနီးမှာ ထက်ခြမ်းခြမ်းထားသော မရမ်းသီးလေးများ ထည့်လိုက်ပါ။ မရမ်းသီးနူးပြီဆိုလျှင် အရသာကို စိတ်ကြိုက်မြည်းပြီး ချဉ်ငံစပ် အရသာ မရမ်းသီးငါးဘတ်ငါးပိကောင်ချက်ကို အသင့်သုံးဆောင်လို့ရပါပြီ။