Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ဂဏန်း မဆလာအချိုချက်

ဂဏန်းကြိုက်နှစ်သက်သူများ အရသာကောင်းကောင်း စားချင်သူတွေအတွက်

အိမ်တွင် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ဂဏန်း မဆလာအချိုချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဂဏန်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ကြက်သားမှုန့်၊ ကြက်ဥ၊ ကြက်သွန်မြိတ်၊ ဂျုံမှုန့်၊ နနွင်းမှုန့်၊ နံနံပင်၊ မဆလာ၊ ဆား၊ ဆီတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဂဏန်းကို ရေဆေးသန့်စင်ပြီးလျှင် ဂဏန်းခွံများကို အရောင်လှအောင် ဒယ်အိုးထဲ ဆီများများဖြင့် တစ်မိနစ်ခန့် ထည့်ကြော်ပြီး ပြန်ဆယ်ထားပေးပါ။

 

ပြီးနောက် ဂဏန်းများကို ဆားဖြင့် သမအောင်နယ်၍ ဂျုံများဖြင့် ကပ်ပေးပါ။

 

ပြီးလျှင်တော့ ဒယ်အိုးထဲ ဆီများများထည့်၍ ဂဏန်းများကို အညှိရောင်သန်းသည်အထိ ထည့်ကြော်ပေးပြီ ပြန်ဆယ်ပေးထားပါ။

 

ပြီးရင်တော့ ဂဏန်းမာဆလာချက်ဖို့အတွက် ဒယ်အိုးထဲ ဆီထည့်လိုက်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ဆီသတ်ပေးထားပါ။

 

ပြီးလျှင် ဆနွင်းမှုန့်ထည့်ပြီး  ရေအနည်းငယ် ထည့်လိုက်ပါ။

 

ပြီးနောက် မဆလာ၊ ပဲငံပြာရည်၊ ကြက်သားမှုန့်နှင့်  ကြက်ဥများကို မွှေတံဖြင့်မွှေပြီး လောင်းထည့်လိုက်ပါ။

 

ပြီးလျှင် ကြက်သွန်မြိတ်နှင့် ဂဏန်းများကို ထည့်၍ ရောမွှေပေးပါ။

 

နောက်ဆုံးမှ မဆလာ၊ ငရုတ်ကောင်းမှုန့်၊ နံနံပင်များ အုပ်၍ ဂဏန်းမဆလာ အချိုချက်ဟင်းကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 11:38
Rate this item
(2 votes)