Thiland



ထိုင်းစပါးဈေးသည် ၁၇ နှစ်တာအတွင်း အမြင့်ဆုံး ရောက်ရှိ

ထိုင်းစပါးဈေးသည် ၁၇ နှစ်တာအတွင်း အမြင့်ဆုံး ရောက်ရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဆန်တန်ချိန် ၇ သန်းနီးပါး တင်ပို့ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ် ၁၃၆,၃၉၀ သန်း ဖြစ်ပါသည်။

ထိုင်း ပို့ကုန်ဆန်များ ဈေးအမြင့် ရရှိသဖြင့် ပြည်တွင်း စပါးဈေး မြင့်တက်လာသည်ဟု ထိုင်းစိုက်ပျိုးရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ Pramote Chareonsilp က ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း ထိုင်းမှာ စပါးအမျိုးမျိုး ဈေးထပ်တက်ခဲ့ပြီး တက်ရိပ် ဆက်ရှိနေသည်ဟု ၎င်းက ပြောကြားသည်။ 

ယခင်က တတန်လျှင် ဘတ် ၈,၀၀၀ မှ ၉,၅၀၀ အထိ ရှိခဲ့ပြီး ယခုအခါ တတန်လျှင် ဘတ် ၁၂,၀၀၀ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ ၁၇ နှစ်တာတွင် အမြင့်ဆုံး စပါးဈေးနှုန်း ဖြစ်သည်။

 

ယခုလို ဆန်စပါး ဈေးတက်သည်မှာ ဗီယက်နမ်ဆန် ဈေးတက်သည်နှင့် ဆက်နွှယ်မှု ရှိသည်ဟု ဆန်စက် လုပ်ငန်းရှင်များက ပြောကြားသည်။ ဗိယက်နမ်တွင် ပြည်ပတင်ပို့ရန် ဆန်များ လျော့နည်းနေပြီ ဖြစ်သဖြင့် ဈေးတက်သည်။ တတန်ဈေးနှုန်းသည် ဗီယက်နမ်ဆန်က ထိုင်းဆန်ထက် $70-90 ပိုမြင့်သည်။ 

အိန္ဒိယက ပြည်ပဆန် တင်ပို့မှု ကန့်သတ်ထားခြင်း ကြောင့်လည်း ထိုင်းမှာ စပါးဈေး မြင့်တက်သည်။ 

စပါး ဈေးမကျအောင် သမဝါယမက ဈေးကွက်ပေါက်ဈေးထက် ဈေးပိုပေးပြီး ဝယ်ယူပေးခြင်းကြောင့်လည်း စပါးဈေး မြင့်တက်သည်။

 

 ဆန်စက်များက ပြည်ပမှ အမှာစာ မရသေးခင်မှာ လယ်သမားများထံမှ ကြိုကြိုတင်တင် ဝယ်ယူခဲ့ကြသည်။ ထိုင်းဆန် တက်ရိပ် ဆက်တိုက် ဆက်ရှိနေမည်ဟု ကြိုတင်ခန့်မှန်းပြီး ထွက်ရှိသည့် စပါး စုစုပေါင်း၏ ၇၀ % ကို ဝယ်ယူထားပြီးပြီ ဖြစ်သည်။ အထူးသဖြင့် ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ စပါး အဝယ်များခဲ့သည်။

လက်ထဲ စပါးလက်ကျန် ချန်ထားသည့် လယ်သမားများသည် ဈေးအမြင့်ကို ရရှိကြမည်ဟု Pramote က ပြောကြားသည်။

 

 စပါး ဈေးကောင်း ရသဖြင့် စပါး သီးထပ် စိုက်ပျိုးကြမည် ဖြစ်ပြီး ခြောက်သွေ့ရာသီ ဖြစ်သဖြင့် ဆည်ရေ ရမရ ဆန်းစစ်ပြှီး ဆုံးဖြတ်သင့်သည်ဟု Pramote က သတိပေးသည်။

 

၂၀၂၃ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအထိ စပါးတန်ချိန် ၂၂,၉၃၈ သန်း စျေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း စိုက်ပျိုးရေး စီးပွားရေးရုံးမှ ထုတ်ပြန်သည်။

နောက်ထပ် စပါး တန်ချိန် ၂.၆၄၁ သန်း စျေးကွက်သို့ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားသည်။

Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 04 December 2023 07:32
Rate this item
(0 votes)