Thiland



ကမ္ဘာ့အကြီးဆုံး ဒူရင်းသီးဈေးကွက်ကြောင့် ကမ္ဘာ့ဒူရင်းသီး‌‌ရောင်းအား ၄၀၀ ရာခိုင်နှုန်းမြင့်တက်

ကမ္ဘာ့အကြီးဆုံး ဒူရင်းသီးဈေးကွက်ကြောင့် ကမ္ဘာ့ဒူရင်းသီး‌‌ရောင်းအား ၄၀၀ ရာခိုင်နှုန်းမြင့်တက်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

တရုတ်နိုင်ငံတွင် ဒူးရင်းသီးစားသုံးမှု မြင့်တက်လာသည့်အတွက် ကမ္ဘာ့ဒူရင်းသီး‌‌ရောင်းအား ၄၀၀ ရာခိုင်နှုန်း မြင့်တက်သွားသည်ဟု HSBC ( ယခင်အမည် Hongkong and Shanghai Banking Corporation) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

HSBC  ယခုနှစ် ပထမသုံးလပတ်တွင် စုဆောင်းရရှိသော အချက်အလက်များအပေါ် အခြေခံ၍  တွက်ချက်ခဲ့ရာ၌ ယမန်နှစ် ပထမသုံးလပတ်ထက် ရောင်းအား ၄၀၀% မြင့်တက်ကြောင်း သိရသည်။

 

photo_2023-09-13_19-39-03.jpg

 

တရုတ်ဈေးကွက်သည် ကမ္ဘာ့ဒူးရင်းဝယ်လိုအား၏ ၉၁ ရာခိုင်နှုန်းကို ဝေစု ရယူထားသည့် ကမ္ဘာ့အကြီးဆုံး ဒူရင်းသီးဈေးကွက် ဖြစ်သည်။ 

 

ပြီးခဲ့သည့် ၂ နှစ်တွင် တရုတ်နိုင်ငံသည် ဒူရင်းသီး ကန်ဒေါ်လာ ၆ ဘီလီယံဖိုး ပြည်ပမှ တင်သွင်းခဲ့သည်ဟု HSBC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဒူရင်းတင်ပို့ရောင်းချသည့် တန်ဖိုးစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို အာဆီယံ အဖွဲ့ဝင် နိုင်ငံများထံမှ တင်ပို့သည်။ ဒူရင်းသီးများကို ရေကြောင်းမှ သင်္ဘောထောင်ချီဖြင့် ပေးပို့ကြသည်။ ကုန်လမ်းမှ ထရပ်ကားများဖြင့်လည်းကောင်း၊ ရထားဖြင့်လည်းကောင်း တင်ပို့ကြသည်။

“ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် RCEP သည် အာဆီယံနိုင်ငံတိုင်းကို တရုတ်ဈေးကွက်သို့ လွတ်လပ်စွာ တန်းတူ ဝင်ရောက်ခွင့်ပေးသည်။”ဟု အစီရင်ခံတွင် ဖော်ပြထားသည်။

Regional Comprehensive Economic Partnership (RCEP) တွင် အာဆီယံ နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်သည်။

 

photo_2023-09-13_19-39-10.jpg

 

HSBC ၏ အဆိုအရ အာဆီယံ ဒူးရင်းတင်ပို့မှု၏ ၉၉ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံမှ တင်ပို့သည်။

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ရှိ စားသုံးသူများသည် အရှေ့တောင်အာရှ၏ အခြားဒေသများနှင့် နှိုင်းယှဉ်ပါက ပိုကြာကြာ အထားခဲသော ထိုင်းနိုင်ငံမှ ဒူးရင်းအတွက် ဈေးပိုပေးဖို့ ဝန်မလေးကြချေ။

 

ဗီယက်နမ်နိုင်ငံကလည်း တင်ပို့သည်။ ဖိလစ်ပိုင်သည် ဧပြီလတွင် ပထမဆုံးအသုတ်ကို တင်ပို့ခဲ့သည်။ 

မလေးရှားသည် အေးခဲဒူရင်းသီး တင်ပို့ခွင့် ရရှိထားပြီး လတ်ဆတ်ဒူရင်းသီး တင်ပို့ခွင့် ရရှိရန် စီစဉ် ဆောင်ရွက်ဆဲ ဖြစ်သည်။

 

တရုတ်နိုင်ငံတွင် ယခင်က ဒူရင်းကို စီးပွားဖြစ် စိုက်ပျိုးကြခြင်း မရှိခဲ့ချေ။ ယခုအခါ ဟိုင်နန်ကျွန်းတွင် ဒူရင်းခြံများ စီးပွားဖြစ် စိုက်ပျိုးခဲ့ပြီး အသီးများ ရရှိနေပြီဖြစ်သည်။ များမကြာမီ တရုတ်ပြည်တွင်းဈေးကွက်ထဲ ရောင်းချရန် စီစဉ်နေသည်။

Source scmp

Read times Last modified on Wednesday, 13 September 2023 19:44
Rate this item
(0 votes)