Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


Delivery အခရာကျနေတဲ့ ဘန်ကောက်မှ စားသောက်ဆိုင်လုပ်ငန်း

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ တည်ရှိတဲ့ Silver Voyage Club လုပ်ငန်းဟာ

စားသောက်ဖွယ်ရာများ ပေးပို့တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ဈေးအမြင့်တန်း ထိပ်တန်းစားသောက်ဆိုင်များမှ စားသောက်ဖွယ်ရာများကို အထက်တန်းစားအလွှာမှ မှာကြားသူတို့ထံ အိမ်တိုင်ယာရောက် ပေးပို့ခြင်း၊ တည်ခင်းဧည့်ခံခြင်းတို့ကို လုပ်ဆောင်ပါတယ်။
"ကျနော်တို့ရဲ့ ထိပ်တန်းဖောက်သည်တွေက တစ်ဦးချင်းအရ အသားတင် တန်ဖိုး မြင့်မားကြသူတွေ ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းတွေက VIP အဆင့်အတန်း ပေးထားသူတွေပါ" လို့ လုပ်ငန်း ထူထောင်သူ Jakkapun Rattanapet က ပြောပြခဲ့ဖူးသည်။ ဘဏ်တွေမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သန်းတွေ အနည်းဆုံးအနေဖြင့် စာရင်းဖွင့်ထားသူများ ဖြစ်ပြီး ဘဏ်မှ ဆုလာဘ် အစီအစဉ် rewards program အဖြစ် ကျွေးမွေးဧည့်ခံခြင်း ဝန်ဆောင်မှုကို ပေးအပ်ပါတယ်။ အဲဒီ ဝန်ဆောင်မှုမှာ Silver Voyage Club က အံဝင်ခွင်ကျ စိတ်တိုင်းကျဖြစ်အောင် လုပ်ကိုင်ပေးပြီး စီးပွားရှာတာ ဖြစ်ပါတယ်။ (အဲဒီလို VIP အဆင့်အတန်းဖြင့် ဘဏ်လုပ်ငန်းမှ လုပ်ကိုင်ခြင်းမျိုးကို မြန်န်မာနိုင်ငံမှာ စီဘီဘဏ်မှ လုပ်ကိုင်ပါတယ်)

ကိုဗစ်ကြောင့် အဲဒီ ဝန်ဆောင်မှု ပမာဏ လျော့ကျသွားချိန်မှာ ဝင်ငွေတွေ ထိုးကျသွားလို့ စီးပွားရေးလုပ်ငန်းကို ဆက်လက်ရပ်တည်နိုင်ဖို့ White Glove Delivery ကို Jakkapun Rattanapet စတင်လိုက်ပါတယ်။

စားသောက်ဆိုင်တွေ ပိတ်ထားချိန်မှာ အသား၊ ပင်လယ်စာ အစရှိတာတွေကို စားသောက်ဆိုင် ၂၀ ခုနဲ့ ချိတ်ဆက်ပြီး မှာကြားသူတွေထံ ပေးပို့တာကို လုပ်ကိုင်ပါတယ်။ ကော်ပိုရေးရှင်း ညစာစားပွဲတွေ၊ နာမည်ကျော်ကြား အနုပညာရှင်တွေထံ ကျကျနန လှလှပပ ထုပ်ပိုးပြီး ပို့ပေးတယ်။ တည်ခင်းဧည့်ခံဖို့ လိုအပ်ရင်လည်း ဝန်ဆောင်မှု ပေးပါတယ်။

Restrictions on Bangkok's restaurants were eased Sunday allowing customers to eat-in with

COVID-19 တိုက်ပွဲမှာ White Glove ပါဝင်ထားပြီး နေ့စဉ် လူ ၁၀၀၀ အတွက် တစ်နပ်စာကို လှူဒါန်းပါတယ်။ ရှေ့တန်းစစ်မျက်နှာဖြစ်တဲ့ ဆေးရုံတွေမှာ လုပ်ကိုင်နေတဲ့သူတွေကို ကျွေးမွေးတာ ဖြစ်ပါတယ်။

Forbes ရဲ့ စာရင်းအရ ထိုင်းနိုင်ငံမှာ ဘီလျံနာ ၂၇ ဦး ရှိပါတယ်။ မြန်မာနိုင်ငံမှာ စီပီကြက်ကြော်နဲ့ တွဲဘက်ပြီး သိကြတဲ့ စိုက်ပျိုးစက်မှုကဏ္ဍ လုပ်ငန်းစုကြီး CP Group ကို ဦးစီးတဲ့ Chearavanont မိသားစုဆိုရင် အမေရိကန်ဒေါ်လာ ၂၇.၃ ဘီလျံ ချမ်းသာတယ်လို့ ခန့်မှန်းပါတယ်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Prayut Chan-O-Cha က တိုင်းပြည်မှာ အရမ်းချမ်းသာကြတဲ့သူတွေက စီးပွားပျက်စီးနေတာကို ပြန်ထူထောင်တာမှာ ပါဝင်ကူညီကြဖို့ ဖိတ်ခေါ်ခဲ့ပြီး အဲဒီလို ဖိတ်ခေါ်တဲ့နေ့မှာပဲ ထိုင်းဘီလျံနာတွေက အမေရိကန်ဒေါ်လာ ၂၉ သန်း ကတိကဝတ် ပြုခဲ့ကြပါတယ်။

စီးပွားရေးဘက်ကို ပြန်ဦးလှည့်တဲ့အနေဖြင့် ဘန်ကောက်မြို့မှာ တည်ရှိတဲ့ စားသောက်ဆိုင်တွေကို လူချင်းခပ်ခွာခွာ နေစေခြင်းနဲ့အတူ ပြန်လည်ဖွင့်လှစ်စေခဲ့ပါတယ်။ အရက်ကိုတော့ ရောင်းခွင့်မပေးပါဘူး။ စားသောက်ဆိုင် အများစုဟာ ဆိုင်မှာ လာထိုင်စားသူတွေကို မျှော်ကိုးလို့ မရတာကြောင့် အိမ်တိုင်ယာရောက် ပို့ပေးတဲ့ ဝန်ဆောင်မှုဖြင့် ရောင်းချကြရပါတယ်။ ရောင်းအားကတော့ ကိုဗစ်မလာခင်တုန်းက ဝင်ငွေကို မမီပါဘူး။ ထက်ဝက်ကျော် လျော့နည်းနေဆဲ ဖြစ်ပါတယ်။

White Glove Delivery လိုမျိုး အိမ်တိုင်ယာရောက် ပို့ပေးတဲ့ လုပ်ငန်းမျိုးတွေကို သုံးစွဲကြတာ ရှိပါတယ်။ ကြားဝင်ဆောင်ရွက်ပြီး ပို့ပေးတဲ့ လုပ်ငန်းကို ကော်မရှင်ကြေး ပေးရတာမို့ ကိုယ့်လုပ်ငန်းမှပဲ တာဝန်ယူပြီး ပေးပို့တာလည်း ရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လိုတယ်ဆိုရင် စားသောက်ဆိုင်တွေနဲ့ ချိတ်ဆက်ပြီး စားစရာမှာသူတွေထံ ပို့ပေးတဲ့ app လုပ်ငန်းတွေနဲ့ တွဲဘက်ပြီး လုပ်ကိုင်ကြတာလည်း ရှိပါတယ်။ app တွေရဲ့ ကြားဝင်ဆောင်ရွက်မှုဟာ ထိရောက်မှု ကြီးမားပေမဲ့ အက်ပ်ပိုင်ရှင် လုပ်ငန်းကို ပေးရတဲ့ ကော်မရှင်ကြေးက မြင့်မားတယ်။ ၃၀ ရာခိုင်နှုန်း ဝန်းကျင် ပေးရလေ့ ရှိပါတယ်။

 

zawgyi

ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ ဘန္ေကာက္မွာ တည္ရွိတဲ့ Silver Voyage Club လုပ္ငန္းဟာ စားေသာက္ဖြယ္ရာမ်ား ေပးပို႔တဲ့ လုပ္ငန္း ျဖစ္ပါတယ္။ ေဈးအျမင့္တန္း ထိပ္တန္းစားေသာက္ဆိုင္မ်ားမွ စားေသာက္ဖြယ္ရာမ်ားကို အထက္တန္းစားအလႊာမွ မွာၾကားသူတို႔ထံ အိမ္တိုင္ယာေရာက္ ေပးပို႔ျခင္း၊ တည္ခင္းဧည့္ခံျခင္းတို႔ကို လုပ္ေဆာင္ပါတယ္။
"က်ေနာ္တို႔ရဲ႕ ထိပ္တန္းေဖာက္သည္ေတြက တစ္ဦးခ်င္းအရ အသားတင္ တန္ဖိုး ျမင့္မားၾကသူေတြ ျဖစ္ပါတယ္။ ဘဏ္လုပ္ငန္းေတြက VIP အဆင့္အတန္း ေပးထားသူေတြပါ" လို႔ လုပ္ငန္း ထူေထာင္သူ Jakkapun Rattanapet က ေျပာျပခဲ့ဖူးသည္။ ဘဏ္ေတြမွာ အနည္းဆုံး အေမရိကန္ေဒၚလာ တစ္သန္းေတြ အနည္းဆုံးအေနျဖင့္ စာရင္းဖြင့္ထားသူမ်ား ျဖစ္ၿပီး ဘဏ္မွ ဆုလာဘ္ အစီအစဥ္ rewards program အျဖစ္ ေကြၽးေမြးဧည့္ခံျခင္း ဝန္ေဆာင္မႈကို ေပးအပ္ပါတယ္။ အဲဒီ ဝန္ေဆာင္မႈမွာ Silver Voyage Club က အံဝင္ခြင္က် စိတ္တိုင္းက်ျဖစ္ေအာင္ လုပ္ကိုင္ေပးၿပီး စီးပြားရွာတာ ျဖစ္ပါတယ္။
အဲဒီလို VIP အဆင့္အတန္းျဖင့္ ဘဏ္လုပ္ငန္းမွ လုပ္ကိုင္ျခင္းမ်ိဳးကို ျမန္န္မာႏိုင္ငံမွာ စီဘီဘဏ္မွ လုပ္ကိုင္ပါတယ္။

ကိုဗစ္ေၾကာင့္ အဲဒီ ဝန္ေဆာင္မႈ ပမာဏ ေလ်ာ့က်သြားခ်ိန္မွာ ဝင္ေငြေတြ ထိုးက်သြားလို႔ စီးပြားေရးလုပ္ငန္းကို ဆက္လက္ရပ္တည္ႏိုင္ဖို႔ White Glove Delivery ကို Jakkapun Rattanapet စတင္လိုက္ပါတယ္။

စားေသာက္ဆိုင္ေတြ ပိတ္ထားခ်ိန္မွာ အသား၊ ပင္လယ္စာ အစရွိတာေတြကို စားေသာက္ဆိုင္ ၂၀ ခုနဲ႔ ခ်ိတ္ဆက္ၿပီး မွာၾကားသူေတြထံ ေပးပို႔တာကို လုပ္ကိုင္ပါတယ္။ ေကာ္ပိုေရးရွင္း ညစာစားပြဲေတြ၊ နာမည္ေက်ာ္ၾကား အႏုပညာရွင္ေတြထံ က်က်နန လွလွပပ ထုပ္ပိုးၿပီး ပို႔ေပးတယ္။ တည္ခင္းဧည့္ခံဖို႔ လိုအပ္ရင္လည္း ဝန္ေဆာင္မႈ ေပးပါတယ္။

COVID-19 တိုက္ပြဲမွာ White Glove ပါဝင္ထားၿပီး ေန႔စဥ္ လူ ၁၀၀၀ အတြက္ တစ္နပ္စာကို လႉဒါန္းပါတယ္။ ေရွ႕တန္းစစ္မ်က္ႏွာျဖစ္တဲ့ ေဆး႐ုံေတြမွာ လုပ္ကိုင္ေနတဲ့သူေတြကို ေကြၽးေမြးတာ ျဖစ္ပါတယ္။

Forbes ရဲ႕ စာရင္းအရ ထိုင္းႏိုင္ငံမွာ ဘီလ်ံနာ ၂၇ ဦး ရွိပါတယ္။ ျမန္မာႏိုင္ငံမွာ စီပီၾကက္ေၾကာ္နဲ႔ တြဲဘက္ၿပီး သိၾကတဲ့ စိုက္ပ်ိဳးစက္မႈက႑ လုပ္ငန္းစုႀကီး CP Group ကို ဦးစီးတဲ့ Chearavanont မိသားစုဆိုရင္ အေမရိကန္ေဒၚလာ ၂၇.၃ ဘီလ်ံ ခ်မ္းသာတယ္လို႔ ခန႔္မွန္းပါတယ္။
ထိုင္းႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Prayut Chan-O-Cha က တိုင္းျပည္မွာ အရမ္းခ်မ္းသာၾကတဲ့သူေတြက စီးပြားပ်က္စီးေနတာကို ျပန္ထူေထာင္တာမွာ ပါဝင္ကူညီၾကဖို႔ ဖိတ္ေခၚခဲ့ၿပီး အဲဒီလို ဖိတ္ေခၚတဲ့ေန႔မွာပဲ ထိုင္းဘီလ်ံနာေတြက အေမရိကန္ေဒၚလာ ၂၉ သန္း ကတိကဝတ္ ျပဳခဲ့ၾကပါတယ္။

စီးပြားေရးဘက္ကို ျပန္ဦးလွည့္တဲ့အေနျဖင့္ ဘန္ေကာက္ၿမိဳ႕မွာ တည္ရွိတဲ့ စားေသာက္ဆိုင္ေတြကို လူခ်င္းခပ္ခြာခြာ ေနေစျခင္းနဲ႔အတူ ျပန္လည္ဖြင့္လွစ္ေစခဲ့ပါတယ္။ အရက္ကိုေတာ့ ေရာင္းခြင့္မေပးပါဘူး။ စားေသာက္ဆိုင္ အမ်ားစုဟာ ဆိုင္မွာ လာထိုင္စားသူေတြကို ေမွ်ာ္ကိုးလို႔ မရတာေၾကာင့္ အိမ္တိုင္ယာေရာက္ ပို႔ေပးတဲ့ ဝန္ေဆာင္မႈျဖင့္ ေရာင္းခ်ၾကရပါတယ္။ ေရာင္းအားကေတာ့ ကိုဗစ္မလာခင္တုန္းက ဝင္ေငြကို မမီပါဘူး။ ထက္ဝက္ေက်ာ္ ေလ်ာ့နည္းေနဆဲ ျဖစ္ပါတယ္။

White Glove Delivery လိုမ်ိဳး အိမ္တိုင္ယာေရာက္ ပို႔ေပးတဲ့ လုပ္ငန္းမ်ိဳးေတြကို သုံးစြဲၾကတာ ရွိပါတယ္။ ၾကားဝင္ေဆာင္႐ြက္ၿပီး ပို႔ေပးတဲ့ လုပ္ငန္းကို ေကာ္မရွင္ေၾကး ေပးရတာမို႔ ကိုယ့္လုပ္ငန္းမွပဲ တာဝန္ယူၿပီး ေပးပို႔တာလည္း ရွိပါတယ္။ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ကိုင္လိုတယ္ဆိုရင္ စားေသာက္ဆိုင္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး စားစရာမွာသူေတြထံ ပို႔ေပးတဲ့ app လုပ္ငန္းေတြနဲ႔ တြဲဘက္ၿပီး လုပ္ကိုင္ၾကတာလည္း ရွိပါတယ္။ app ေတြရဲ႕ ၾကားဝင္ေဆာင္႐ြက္မႈဟာ ထိေရာက္မႈ ႀကီးမားေပမဲ့ အက္ပ္ပိုင္ရွင္ လုပ္ငန္းကို ေပးရတဲ့ ေကာ္မရွင္ေၾကးက ျမင့္မားတယ္။ ၃၀ ရာခိုင္ႏႈန္း ဝန္းက်င္ ေပးရေလ့ ရွိပါတယ္။

Read times
Rate this item
(0 votes)