Thiland



ထိုင်းနိုင်ငံ အာဆီယံတွင် အိမ်မွေးတိရစ္ဆာန် အစားအစာ အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာ

ထိုင်းနိုင်ငံ  အာဆီယံတွင် အိမ်မွေးတိရစ္ဆာန် အစားအစာ အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံသည် ယခုအခါ အာဆီယံတွင် အိမ်မွေးတိရစ္ဆာန် အစားအစာများကို အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာပါသည်။

ကမ္ဘာ့အဆင့်တွင် အိမ်မွေးတိရစ္ဆာန် အစားအစာများကို စတုတ္ထအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ပါသည်။

ထိုင်းနိုင်ငံ၏ အိမ်မွေးတိရစ္ဆာန် အစားအစာများတင်ပို့မှုသည် ယမန်နှစ် ၂၀၂၂ တွင် ၁၅ % ကြီးထွားခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။ 

.

ကမ္ဘာ့အဆင့်တွင် အိမ်မွေးတိရစ္ဆာန် အစားအစာများကို အများဆုံး တင်ပို့သည်မှာ ဥရောပသမဂ္ဂ ဖြစ်ပြီး ဒုတိယ အများဆုံးတင်ပို့သည့် နိုင်ငံမှာ အမေရိကန်နိုင်ငံ ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် တတိယအများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်ပါသည်။ 

.

ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး Sinit Lertkrai က ထိုင်းအိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ်ထက်  ၁၅% တိုးလာခဲ့ပြီး ဘတ်ငွေ  ၉၇.၁ ဘီလီယံ (ကန်ဒေါ်လာ ၂.၈၄ ဘီလီယံ)  တိုးခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံသို့ အိမ်မွေးတိရစ္ဆာန် အစားအစာများ တင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ်ထက် ပမာဏ ၃၀% ကြီးထွားခဲ့သည်။ ဩစတေးလျနိုင်ငံသို့ တင်ပို့မှုသည် ၂၂% နှင့် ဥရောပသို့ တင်ပို့မှုသည် ၁၇% ကြီးထွားခဲ့သည်။ 

.

ထိုင်းနိုင်ငံ၏ အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့မှု အများစုမှာ ကြောင်နှင့် ခွေး အစားအစာများ ဖြစ်ပြီး တင်ပို့မှု စုစုပေါင်း ပမာဏ၏ ၈၆ ရာခိုင်နှုန်း ရှိသည်။ ကျန်သည့် ရာခိုင်နှုန်းမှာ အခြားအိမ်မွေးတိရစ္ဆာန် အစားအစာများ ဖြစ်သည်။ 

.

၂၀၁၂ မှ ၂၀၂၁ အထိ ၁၀ နှစ်တာကာလကို ကြည့်မည်ဆိုပါက ထိုင်းနိုင်ငံ အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့မှုသည် ပျမ်းမျှအားဖြင့် ၁၃% နှစ်စဉ် တိုးခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် ၅၁.၉ ဘီလီယံ (ကန်ဒေါ်လာ ၁.၅၂ ဘီလီယံ နှစ်စဉ် ကြီးထွားလာခဲ့ပါသည်။ 

.

ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အခွန်လျှော့ချရန် နိုင်ငံအများအပြားနှင့်  ချုပ်ဆိုထားသည့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် Free trade Agreement - FTA ​​ များကြောင့် အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့မှု ဆက်တိုက်တိုးလာခြင်းဖြစ်ကြောင်း Sinit မှ ပြောကြားခဲ့ပါသည်။

တရုတ်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် ထိုင်းနိုင်ငံနှင့် FTA ​​လက်မှတ်ရေးထိုးထားသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံတို့က ထိုင်းအိမ်မွေးတိရိစ္ဆာန်အစာများ တင်သွင်းခွန်များကို ဖယ်ရှားပေးထားကြပါသည်။

.

ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့သည် ထိုင်းနိုင်ငံမှ အိမ်မွေးတိရစ္ဆာန် အစာများအတွက် ၁၂.၈ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံဆဲဖြစ်သည်။

သို့သော်လည်း ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် RCEP (Regional Comprehensive Economic Partnership) အရ တောင်ကိုရီးယားသည် ၂၀၃၆ ခုနှစ်တွင် အကောက်ခွန်ကို သုညအထိဖြစ်အောင် တဖြည်းဖြည်း လျှော့ချမည်ဖြစ်သည်။

Source nationthailand

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 24 March 2023 19:47
Rate this item
(0 votes)