Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ကြက်သွန်ဖြူနဲ့ ပုစွန်အစပ်ကြော်

အိမ်တွင် လွယ်လင့်တကူ ချက်ပြုတ်နိုင်ပြီး အနံ့အရသာ မွှေးမွှေးလေးနဲ့ ကြက်သွန်ဖြူနှင့် ပုစွန်အစပ်ကြော်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ပုစွန်ထုပ်၊ ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်၊ ဆား၊ ငရုတ်ကောင်းတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝယ်လာတဲ့ ပုစွန်ကို သေချာသန့်စင်ပြီး အမြီးချန်ကာ အခွံနွှာထားပါ။

 

ပြီးနောက် အခွံနွှာတာ မကြိုက်ရင်တော့ အခွံအတိုင်းကြော်စားလည်းရပါတယ်။  ပြီးလျှင် ပုစွန်တွေကို အရသာမှုန့် အနည်းငယ်နဲ့နယ်ထားပါ။

 

အခုချက်မယ့်ဟင်းတွင်  ကြက်သွန်ဖြူက အဓိကပဲမို့ ကြက်သွန်ဖြူတွေကို နုပ်နုပ်စဉ်းထားပါ။

 

ပြီးလျှင် ငရုတ်သီးခြောက်တွေကို ငရုတ်ဆုံထဲထည့်ပြီး ထောင်းပါ။

 

Read More >>>>>  ရှမ်းခရမ်းသီးပဲပုပ်ထောင်း

 

အဆင်သင့်ဖြစ်ပြီဆိုရင် စကြော်လို့ရပါပြီ။

 

ပြီးရင်တော့ ကြော်မယ့် ဒယ်အိုးထဲကို ဆီထည့်ပါ။ ဆီပူလာပြီဆိုရင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ။ အနံ့မွှေးလာပြီး ကြက်သွန်ဖြူတွေ ရွှေအိုရောင်သမ်းသွားပြီဆိုရင်တော့ အရသာနယ်ထားတဲ့ ပုစွန်ထုပ်ကို ထည့်ကြော်လိုက်ပါ။

 

ပြီးလျှင် ပုစွန်တွေ လိမ္မော်ရောင်ပြောင်းသွားလို့ အသားကျက်သွားပြီဆိုရင် ငရုတ်သီးအကြမ်းဖက်၊ ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်ထည့်လိုက်ပါ။ အရသာမြည်းကြည့်လို့ အနေတော်ပဲဆိုရင် အနံ့မွှေးမွှေးလေးနဲ့ ဆိမ့်ဆိမ့်လေးစားကောင်းမယ့် ကြက်သွန်ဖြူပုစွန်အစပ်ကြော်လေးကို မြိန်ယှက်စွာ တည်ခင်းသုံဆောင်နိုင်ပါတယ်။

 

Ref:Yummy

Read times Last modified on Friday, 17 May 2019 14:03
Rate this item
(1 Vote)