Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


နှစ် ၂၀ ပိတ်ပင်ထားခဲ့သော ထိုင်းဆန်မှုန့်ကို မလေးရှား ပြန်ခွင့်ပြု

နှစ် ၂၀ ပိတ်ပင်ထားခဲ့သော ထိုင်းဆန်မှုန့်ကို မလေးရှား ပြန်ခွင့်ပြု

မလေးရှားနိုင်ငံသည်  မလေးရှား အနောက်ခြမ်းသို့  ထိုင်းဆန်မှုန့်တင်ပို့ခွင့်ကို အနှစ် ၂၀ နီးပါး ရပ်ဆိုင်းထားပြီးနောက် ယခုအခါ ပြန်လည်ခွင့်ပြုလိုက်ကြောင်း မလေးရှား  ကုန်သွယ်ရေးဝန်ကြီး Jurin Laksanawisit က အတည်ပြု ပြောကြားခဲ့ပါတယ်။ 

 

မလေးရှားနိုင်ငံ အနောက်ခြမ်းသို့ ဆန်မှုန့် တင်သွင်းခွင့်လိုင်စင်များ ထုတ်ပေးခြင်းအား ကာလရှည်ကြာ  ရပ်ဆိုင်းထားခဲ့ရာ၌ ထိုင်းဆန်မှုန့်များလည်း တင်သွင်းခွင့် မရခဲ့ကြချေ။

 

“နိုင်ငံ အနောက်ပိုင်းဒေသနဲ့ အရှေ့ပိုင်းဒေသတွေကို ကုန်ပစ္စည်းတင်သွင်းခွင့်လိုင်စင်ထုတ်ပေးတဲ့တာဝန်ရှိ မလေးရှားဌာနတွေက ခွင့်ပြုပေးပုံ မတူကွဲပြားတာကို တွေ့ရပါတယ်” လို့  ကုန်သွယ်ရေးဝန်ကြီး Jurin  က‌ ပြောကြားပါတယ်။ 

 

“အနှစ် ၂၀ နီးပါး တင်ပို့မှုကို ရပ်ဆိုင်းထားပြီးနောက် ထိုင်းနိုင်ငံက ဆန်မှုန့်ကို မလေးရှား အနောက်ဘက်ခြမ်းကို ယခုအခါမှာ တင်ပို့နိုင်ပြီ” လို့ Jurin က ပြောကြားပါတယ်။

 

#MyanmarFoodIndustryGuide

Telegram Channel
https://t.me/Guid4U

Source: nationthailand

Read times
Rate this item
(0 votes)