Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ပင်လယ်စာ တုံ့ယမ်းဟင်းချို

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း မိသားစု

စုံစုံညီညီစားနိုင်တဲ့ ပင်လယ်စာတုံ့ယမ်းဟင်းချိုချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ တုံ့ယမ်း-အခဲ၊ တုံ့ယမ်း-အနှစ်၊ အုန်းနို့၊ ငုံးဥ၊ ပုစွန်၊ ကင်းမွန်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ မျှစ်-အချို၊ ပြောင်းဖူးသေး၊ ပဲပြား၊ ပန်းကော်ဖီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ သံပရာသီး၊ နံနံပင်၊ ရှမ်းနံနံ၊ ကြက်သွန်မြိတ်၊ ပဒဲကော၊ ငရုတ်သီးစိမ်း၊ ငါးငံပြာရည်၊ ကြက်သားမှုန့်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး တုံ့ယမ်းချက်ရန်အတွက် ဒယ်အိုးတစ်ခုထဲသို့ ဆီထည့်ပါ။ ဆီပူလျှင် ထောင်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအနီ၊ ပဒဲကောတို့ထည့်ပြီး ဆီသပ်ပေးပါ။

 

ပြီးလျှင် ကြက်သွန်နီများထည့်၍ ဆီသတ်ပြီး ငရုတ်သီးအစိမ်းမှုန့်ထည့်၍ ဆီသပ်ပေးပါ။

 

ပြီးရင်တော့ ပုစွန်နှင့် ကင်မွန်ထည့်၍ ဆီသပ်ပေးပါ။

 

ပြီးနောက် ဟင်းရွက်များဖြစ်တဲ့ မုန်လာဥနီ၊ ပြောင်းဖူး၊ ပန်းကော်ဖီ၊ မျှစ်တို့ထည့်ပြီး ရောမွှေပေးပါ။

 

ပြီးတော့မှ အနူးလွယ်တဲ့ ခရမ်းချဉ်သီး၊ ပဲပြား၊ ငုံးဥတို့ကို နောက်မှထည့်လိုက်ပါ။

 

ပြီးရင်တော့ ရေထည့်ပြီး အဖုံးအုပ်ကာ ပွက်ပွက်ဆူအောင် တည်ပေးထားပါ။

 

အရသာအတွက်ကတော့ တုံ့ယမ်း-အခဲ၊ တုံ့ယမ်းအနှစ်၊ ဆား၊ ကြက်သားမှုန့်၊ ငါးငံပြာရည်၊ သံပရာရည်များကို ထည့်၍ ရောမွှေပေးပါ။

 

နောက်ဆုံးတွင် အုန်းနို့ထည့်ပြီး ရောမွှေ၍ ပြီးရင်တော့ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှမ်းနံနံတို့ကိုထည့်၍ အုပ်ပေးပါ။

 

ပြီးရင်တော့ အရသာရှိပြီး ခံတွင်းမြိန်စေမည့် ထိုင်းစတိုင်လ် ပင်လယ်စာတုံ့ယမ်းဟင်းချိုကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:27
Rate this item
(0 votes)