Thiland



အုန်းစိုက်ပျိုးသူများကို မျောက်ကင်းရှင်းလက်မှတ်များ ထုတ်ပေးမည်

အုန်းစိုက်ပျိုးသူများကို မျောက်ကင်းရှင်းလက်မှတ်များ ထုတ်ပေးမည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ထိုင်းနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန Department of Agriculture  (DOA) သည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ Good Agricultural Practices (GAP) ရရှိထားပြီးဖြစ်သည့်  အုန်းသီးစိုက်ပျိုးသူများအား မျောက်ကင်းရှင်းကြောင်း လက်မှတ်များကို အမြန်ဆုံး ထုတ်ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်းတို့ကို  အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းဌာန အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် Raphiphat Chantharasriwong က ပြောကြားသည်။

ကွင်းဆင်းစစ်ဆေးမှု အောင်မြင်သည့် GAP လက်မှတ်ရ အုန်းစိုက်ပျိုးသူများကို အုန်းသီးနှင့် အုန်းသီးထုတ်ကုန်များ ပြည်ပတင်ပို့ရန်အတွက် “GAP Monkey-Free Plus” လိုဂို ထုတ်ပေးမည် ဖြစ်သည်။

 

 မျောက်ကင်းရှင်း လက်မှတ်အတွက် သတ်မှတ်ချပ်များကို ထုတ်ပြန်ကြေညာပေးမည်ဟု ၎င်းက ပြောကြားသည်။

 

Monkey-Free Plus သည် ယမန်နှစ်က ပြဿနာ ရှိခဲ့သည့် People for the Ethical Treatment of Animals (Peta) ၏ ကမ်ပိန်းကို တုံ့ပြန်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

 

ထိုင်းမှ အုန်းစိုက်ပျိုးသူများသည် အုန်းသီးခူးရန်မျောက်များကို မတရားသဖြင့် စေခိုင်းနေကြသည်ဟု Peta က စွပ်စွဲခဲ့သည်။

Peta သည် ထိုင်းနိုင်ငံမှ အုန်းသီးထွက်ကုန်များကို သပိတ်မှောက်ရန် ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂကို တောင်းဆိုခဲ့သည်။

 

သို့ဖြစ်ရာ ထိုင်းနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနက အုန်းစုိက်ခင်းများကို ကွင်းဆင်းစစ်ဆေးပြီး အုန်းသီးခူးရန် မျောက်ကို သုံးစွဲခြင်း မပြုကြောင်း သေချာလျှင် မျောက်ကင်းရှင်း လက်မှတ် ထုတ်ပေးမည် ဖြစ်ပြီး GAP လိုဂို ရထားသော အုန်းစိုက်ခင်းများမှ ရရှိသည့် အုန်းသီးများအတွက်သာ GAP Monkey-Free Plus လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး “GAP Monkey-Free Plus” လိုဂိုကို ၎င်းအုန်းသီးများအတွက် အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ အကယ်၍ GAP မရထားလျှင် Monkey-Free လက်မှတ်ကိုသာ ထုတ်ပေးမည်။

Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 30 August 2023 19:15
Rate this item
(0 votes)