Thiland
ထိုင်းနိုင်ငံသည် အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့မှု မြင့်တက်
ထိုင်းနိုင်ငံသည် အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့မှု မြင့်တက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံသည် အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့မှု ၂၀၂၂ခုနှစ် ပထမ ကိုးလတွင် ယမန်နှစ် ပထမ ကိုးလထက် ၃၄ ရာခိုင်နှုန်း ပိုများခဲ့သဖြင့် ကမ္ဘာ့နံပါတ်(၁) အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ဂျာမနီနှင့် အမေရိကန်တို့ကို ကျော်တက်ရန် ရည်မှန်းထားသည်။
.

ယခုနှစ် ၂၀၂၂ ဇန်နဝါရီလမှ စက်တင်ဘာလအထိ အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့မှုမှာ ဘတ်ငွေ ၇၄ ဒသမ ၉၇ ဘီလီယံရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jurin Laksanawisit က ပြောကြားခဲ့သည်။ လစဉ် တစ်လထက်တစ်လ တိုးလာခဲ့သည်မှာ ၃၇ လ ဆက်တိုက်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
.
လက်ရှိတွင် ထိုင်းနိုင်ငံမှ အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့မှုအတွက် အကြီးမားဆုံးမှာ အမေရိကန်နိုင်ငံ ဖြစ်ပြီး ပမာဏ ဘတ် ၂၁.၅ ဘီလီယံ ရှိသည်။ ဒုတိယအကြီးမားဆုံးမှာ ဂျပန်နိုင်ငံဖြစ်ပြီး ပမာဏ ဘတ် ၈.၄၁ ဘီလီယံ ရှိသည်။ တတိယအကြီးမားဆုံးဈေးမှာ အီတလီနိုင်ငံ ဖြစ်ပြီး ပမာဏ ဘတ် ၄.၈၂ ဘီလီယံ ရှိသည်။
.

ထိုင်းနိုင်ငံမှ အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့မှုတွင် ခွေးအတွက် အစားအစာနှင့် ကြောင်အတွက် အစားအစာတို့မှာ အများဆုံး ဖြစ်ပြီး ယင်းနှစ်ခုပေါင်း ဘတ် ၆၅.၂၇ ဘီလီယံဖိုး တင်ပို့သည်။ ကျန်သည့် အိမ်မွေးတိရစ္ဆာန်များအတွက် အစားအစာ ဘတ် ၉.၇ ဘီလီယံဖိုး တင်ပို့သည်။
.
“လောလောဆယ်မှာ ထိုင်းနိုင်ငံဟာ ဂျာမနီနဲ့ အမေရိကန်တို့ပြီးရင် ကမ္ဘာ့တတိယအကြီးဆုံး အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပို့ကုန်များက အလယ်အလတ်နှင့် အထက်တန်း စျေးကွက်နှစ်မျိုးလုံးကို ပစ်မှတ်ထားပါတယ်" ဟု Jurin Laksanawisit က ပြောကြားခဲ့သည်။
.
"ထိုင်းထုတ်ကုန်များရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်က နိုင်ငံတကာ ဘေးကင်းရေးစံနှုန်းများနှင့် ကိုက်ညီပါတယ်။ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအကြား အရည်အသွေးအပေါ် ယုံကြည်မှုကို ထူထောင်ဖို့ အထောက်အကူ ပြုပါတယ်" ဟု ၎င်းက ပြောကြားသည်။
“အစိုးရရဲ့ ပံ့ပိုးကူညီမှု၊ ဝန်ကြီးဌာနနဲ့ ထိုင်းအိမ်မွေးတိရစ္ဆာန် ကုန်သွယ်မှုအသင်း Thai Pet Food Trade Association (TPFA) တို့အကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတို့နဲ့အတူ မကြာခင်မှာ ထိုင်းနိုင်ငံက ဦးဆောင်နေရာကို ရရှိပြီး ကမ္ဘာ့အကြီးဆုံး အိမ်မွေးတိရစ္ဆာန် အစားအစာ တင်ပို့ရောင်းချသူ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု Jurin မှ ပြောကြားခဲ့သည်။
Source nationthailand



