Thiland



ထိုင်း စိုက်ပျိုးရေးကဏ္ဍ ထုတ်ကုန် ပြည်ပတင်ပို့မှု မြင့်တက်

ထိုင်း စိုက်ပျိုးရေးကဏ္ဍ ထုတ်ကုန် ပြည်ပတင်ပို့မှု မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံမှ တင်ပို့သည် စိုက်ပျိုးထုတ်လုပ် စားသောက်ကုန်များသည် လွတ်လပ်‌‌သော ကုန်သွယ်မှု သဘောတူညီချက် (Free Trade Agreement FTA) များကြောင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသဖြင့် စိုက်ပျိုးရေးကဏ္ဍ ပို့ကုန် စုစုပေါင်းတန်ဖိုးသည် ‌၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် ၄% မြင့်တက်ခဲ့ကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်မှု ညှိနှိုင်းရေးဌာနမှ အချက်အလက် ထုတ်ပြန်သည်။

လယ်ယာထွက်ကုန် တင်ပို့မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁၉ ဒသမ ၅၆ ဘီလီယံဖြစ်သည်။

 

စိုက်ပျိုးရေးစက်မှုထုတ်ကုန်များ တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၀၇ ဘီလီယံဖြစ်သည်။  

 

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် အာဆီယံ အပါအဝင်  အဓိက FTA မိတ်ဖက်နိုင်ငံများသို့ တင်ပို့မှုကို တိုးချဲ့နိုင်ခဲ့သည်။

 

ထိုင်းနိုင်ငံသည် အာဆီယံတွင် လယ်ယာထွက်ကုန် ထိပ်တန်း တင်ပို့သူဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့် ၇ ရှိသည်။ 

ထိုင်းနိုင်ငံ စိုက်ပျိုးရေးစက်မှုထုတ်ကုန် တင်ပို့မှုသည် အာဆီယံတွင် တတိယ အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့် ၁၁ ရှိသည်ဟု ထိုင်းနိုင်ငံ ကုန်သွယ်မှု ညှိနှိုင်းရေးဌာနမှ  ညွှန်ကြားရေးမှူးချုပ် Chotima Iemsawasdikul က ပြောသည်။

 

photo_2024-03-07_13-19-10.jpg

Chotima Iemsawasdikul 

 

FTA မိတ်ဖက်များထံသို့ ထိုင်းနိုင်ငံ၏ အေးခဲနှင့် အခြောက်ခံ သစ်သီးများ တင်ပို့မှုသည် ၂၃ ရာခိုင်နှုန်း တိုးလာကြောင်း သူမက ရှင်းပြသည်။

 

ပို့ကုန်တိုးမြှင့်နိုင်ခဲ့သည့် အခြားထုတ်ကုန်များမှာ -

• ဆန် ၉၂% ပိုများ

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှား နိုင်ငံများသို့ တင်ပို့

 

• အေးခဲကြက်သား ၁၉% ပိုများ

တရုတ်၊ ဂျပန်နှင့် မလေးရှား နိုင်ငံများသို့ တင်ပို့

 

• ကော်ဖီ ၄၃% ပိုများ

ကမ္ဘောဒီးယား၊ ဂျပန်နှင့် တရုတ် နိုင်ငံများသို့ တင်ပို့

 

• သကြား ၁၄% ပိုများ

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ တင်ပို့

 

• စည်သွတ်နှင့် ပြုပြင်စီမံထားသော သစ်သီးဝလံများ ၉% ပိုများ

တရုတ်၊ ဩစတေးလျ၊ လာအို နိုင်ငံများသို့ တင်ပို့

 

• စည်သွတ်နှင့် ပြုပြင်စီမံထားသော ဟင်းသီးဟင်းရွက်များ ၁၈% ပိုများ

ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် နိုင်ငံများသို့ တင်ပို့

 

ထိုင်းနိုင်ငံသည် ယခုအခါ FTA ၁၅ နိုင်ငံ ရှိသည်။ 

Source thenationthailand 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 07 March 2024 13:32
Rate this item
(0 votes)