Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ငါးအသားလွှာအကြွပ်ကြော်

မိဘများ ကိုယ့်သားသမီး ထမင်းဘူးအတွက် ဘာထည့်ရမလဲဆိုတာကို နေ့စဉ် စဉ်းစားစရာမလိုအောင်

Myanmar Food Industry Directory မှ ထိုင်းစတိုင်လ် ငါးအကြွပ်ကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော ငါးအသားလွှာပြီးသား၊ ကြက်သွန်ဖြူ၊ သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥ၊ ဂျုံမှုန့်၊ ပေါင်မုန့်ခြောက်၊ ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ငါးအသားလွှာကို နှစ်လက်မအရွယ်လေးများ ဖြစ်အောင် ပိုင်းဖြတ်ထားပါ။

 

ပြီးနောက် ငါးအသားလွှာကို ကြက်သွန်ဖြူ၊ သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့် တို့နဲ့ ရောနယ်ပြီး  မိနစ်အနည်းငယ်ခန့် နှပ်ထားပါ။

 

Read More >>>> ရှမ်းအစားအစာ ရှမ်းချဉ်ထမင်းကြော်

ပြီးလျှင် အရင်ဆုံး ခွက်ထဲ ဂျုံမှုန့်ထည့်ပြီး  ငါးအသားလွှာများကို ဂျုံကပ်ပေးပြီး လက်ဖြင့် အသာလေး လိပ်ပေးပါ။

 

ပြီးရင်တော့ ဂျုံကပ်ပြီးသား ငါးအသားလွှာများကို ကြက်ဥခွက်ထဲ နှစ်စိမ်လိုက်ပါ။

 

နောက်ဆုံးမှ ပေါင်မုန့်ခြောက်များ ကပ်ပေးပါ။

 

ပြီးလျှင် ဒယ်အိုးထဲသို့ ဆီများများထည့်ပြီး ဆီပူလာလျှင် ငါးများ ရွှေညိုရောင်သန်းသည်အထိ ကြော်ပေး၍ ဆီပြန်စစ်ထားပေးပါ။

 

နောက်ဆုံးတွင်တော့ အရသာရှိပြီး ကလေးများအကြိုက်တွေ့စေမည့် ငါးအသားလွှာအကြွပ်ကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 11:54
Rate this item
(3 votes)