Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကော်ဖီသီးမှည့်များ ထိုင်းနိုင်ငံမှ ဝယ်ယူမှုများကြောင့် ဈေးသုံးဆခန့် ပိုမိုရရှိ

ကော်ဖီသီးမှည့်များ ထိုင်းနိုင်ငံမှ ဝယ်ယူမှုများကြောင့် ဈေးသုံးဆခန့် ပိုမိုရရှိ


ပြည်တွင်း၌ ယခုနှစ်၊ ကော်ဖီသီးမှည့်များ စတင်ခူးဆွတ်ချိန်တွင် ကြခြင်းဖြစ်သည်။ ထိုင်းနိုင်ငံမှ ဝယ်လက်များက ကော်ဖီစိုက်ပျိုးသော ဒေသများသို့ ကိုယ်တိုင်လာရောက်ကာ ဝယ်ယူမှုများရှိနေပြီး ဝယ်လိုအားများနေ ခြင်းကြောင့် ယခင်နှစ်ကထက် ကော်ဖီသီးမှည့်ဈေး သုံးဆခန့်ပိုမို ရရှိနေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းလှိုင် ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကော်ဖီသီးမှည့်များကို နှစ်စဉ် နိုဝင်ဘာလမှ နောက်နှစ်၊ မတ်လကုန်အထိ ခူးဆွတ်လေ့ရှိပြီး ယခုနှစ်တွင် ပြည်တွင်း၌ ကော်ဖီသီးမှည့်များ စတင်ခူးဆွတ်သောရာသီမှာပင် ထိုင်းနိုင်ငံမှ ကုန်သည်၊ ဝယ်လက်များ ရောက်ရှိလာပြီး ကော်ဖီသီး မှည့်များကို ပေါက်ဈေးပေးကာ ဒေသအရောက် လာရောက်ဝယ်ယူကြခြင်းဖြစ်သည်။

ယခုအခါမြန်မာ့ကော်ဖီများဝယ်လိုအားကောင်းနေခြင်းကြောင့် ပြီးခဲ့သည့်နှစ် ကော်ဖီသီးမှည့် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ ခန့် သာ ရရှိခဲ့သော်လည်း ယခုနှစ်၊ ကော်ဖီသီးမှည့်များ စတင်ခူးဆွတ်ချိန်တွင် ကော်ဖီသီးမှည့် တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ ဝန်းကျင် အထိ ဈေးကောင်းရရှိနေကြောင်း၊ ထိုသို့ ကော်ဖီဈေးကောင်းရနေ ခြင်းကြောင့် ပြည်တွင်းမှ ကော်ဖီစိုက်တောင်သူများအတွက် အဆင် ပြေသော်လည်းကော်ဖီစေ့လှော်ပြီး ပြန်လည်ထုပ်ပိုးရောင်းချသူများ အတွက် အရင်းအနှီး ပိုမိုများပြားလာကြောင်း သိရသည်။
Source MDN

Read times Last modified on Saturday, 03 December 2022 19:29
Rate this item
(0 votes)