Thiland



ယခုနှစ် ထိုင်းဆန်တင်ပို့မှု ၁၂ ရာခိုင်နှုန်းနီးပါး ပိုများ

ယခုနှစ် ထိုင်းဆန်တင်ပို့မှု ၁၂ ရာခိုင်နှုန်းနီးပါး ပိုများ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ်လ ၂၉ ရက်အထိ ခုသည် ယခင်နှစ် အလားတူကာလထက် ၁၁ ဒသမ ၉၁ ရာခိုင်နှုန်း ပိုများခဲ့ပြီး မက်ထရစ်တန် ၅ ဒသမ ၂၉ သန်း ရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့(ဩဂုတ် ၃၁)တွင် ပြောကြားခဲ့သည်။

 

ထိပ်တန်း ဆန်ပို့ကုန်ဈေးကွက်များမှာ အင်ဒိုနီးရှား၊ အီရတ်၊ တောင်အာဖရိက၊ အမေရိကန်နှင့် တရုတ်တို့ဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်မှုဌာန ညွှန်ကြားရေးမှူးချုပ် Ronarong Poolphiphat က ပြောသည်။

ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံ အိန္ဒိယသည် ဇူလိုင်လတွင် ဆန်တင်ပို့မှု ပိတ်ပင်ခဲ့ပြီးနောက် ကမ္ဘာ့ဆန်ဈေးများ မြင့်တက်လာခဲ့သည်။ ၎င်းပိတ်ပင်မှုကြောင့် ကမ္ဘာ့ဆန်ဈေးကွက်ထဲသို့ အိန္ဒိယဆန် တန်ချိန် ၁၀ သန်း ဝန်းကျင် ရောက်မလာနိုင်တော့ချေ။

 

ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ဆန်တန်ချိန် ၈ သန်းတင်ပို့ရန် မျှော်မှန်းထားသည်။

 

ကမ္ဘာ့ပဉ္စမအများဆုံး ဆန်တင်ပို့သည့် မြန်မာနိုင်ငံသည် ဆန်ပို့ကုန်ကို ကန့်သတ်ရန် အစီအစဉ်ရှိကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

 

ဖိလစ်ပိုင်သည် ထိုင်းနှင့် ဆန်တင်သွင်းရေး သဘောတူညီချက်ကို စိတ်ဝင်စားနေကြောင်း ထိုင်း နိုင်ငံခြားကုန်သွယ်မှု အရာရှိ Ronarong က ပြောသည်။ နောက်လ လကုန်ပိုင်းတွင် အရောင်းအဝယ်ကိစ္စ ပြီးပြတ်မည်ဟု ၎င်းက ပြောကြားသည်။

 

"စပါးဈေးကောင်းရင် လယ်သမားတွေ စပါး ပိုများများ စိုက်ကြလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။

 

အယ်နီညိုရာသီဥတုပုံစံကြောင့် ဖြစ်ပေါ်လာသော မိုးခေါင်ရေရှားအခြေအနေများသည် လာမည့်နှစ်အတွက် စပါး စိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း Ronarong မှ သတိပေးသည်။

 

Source Reuters


To Get Instant Update
https://t.me/Guid4U

Read times Last modified on Thursday, 31 August 2023 21:18
Rate this item
(0 votes)