Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ဆန်ပြားခေါက်ဆွဲကြော် ပြုလုပ်နည်း

နေ့လည်စာ သို့မဟုတ် ညနေစာအဖြစ် အလွယ်တကူ လုပ်စားနိုင်တဲ့ ထိုင်းစတိုင်ဆန်ပြားခေါက်ဆွဲကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဆန်ပြားခေါက်ဆွဲ၊ ပုစွန်၊ ကြက်အူချောင်း၊ ဂုံး၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအနှစ်၊ ကြက်သွန်မြိတ်၊ ဟူစိုင်၊ ပဲပင်ပေါက်၊ ကြက်ဥ၊ သံပရာသီး၊ မြေပဲ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဒယ်အိုးထဲ ရေများများထည့်ပြီး ရေဆူလာလျှင် ဆားအနည်းငယ်ထည့်၊ ဆန်ခေါက်ဆွဲထည့်ပြီး ၅မိနစ်ခန့် တည်ထားပေးပါ။

 

ပြီးလျှင် ဆန်ခေါက်ဆွဲကို ဇကာဖြင့် ပြန်စစ်ထားပေးပါ။

 

ပြီးနောက် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလျှင် ကြက်ဥ ၂လုံးကို အပြားလိုက် ကြော်ပေးပြီ ပန်းကန်ထဲ ပြန်ဖယ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲ ကြက်သွန်ဖြူ ထည့်ပြီး ပုစွန်၊ ဂုံးတို့ကို တစ်လှည့်စီ တစ်မိနစ်ခန့် ကြော်ပေးပြီ ပြန်ဖယ်ထားပါ။

 

ပြီးနောက် ပုဂံလုံး တစ်ခုထဲတွင် ဆော့ရည်အတွက် ပဲငံပြာရည်၊ ငါးငံပြာရည်၊ ရေ တို့ကို ရောမွှေထားပါ။

 


ဆန်ပြားခေါက်ဆွဲကြော် ကြော်ဖို့အတွက် ဒယ်အိုးထဲ ဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးအနှစ်တို့ကို ထည့်ပြီး မိနစ်ဝက်ခန့် ဆီပူထိုးပါ။

 

ပြီးလျှင် ပုဇွန်၊ ဂုံး၊ ဆော့ရည်တို့ကို ထည့်ပေးပါ။

 

ပြီးနောက် ခေါက်ဆွဲ၊ ကြက်အူချောင်း ထည့်ပြီး သမအောင် ဆီပြန်သည်အထိ နှစ်မိနစ်ခန့် တည်ထားပါ။

 

နောက်ဆုံးမှ ကြက်သွန်မြိတ်၊ ဟူစိုင်၊ ပဲပင်ပေါက် ဖြူးပြီး မီးပိတ်လိုက်ပါ။

 

ပြီးရင်တော့ အရသာရှိတဲ့  ဆန်ပြားခေါက်ဆွဲကြော်ကို ကြက်ဥ၊ ပဲပင်ပေါက်၊ မြေပဲ၊ သံပရာသီး၊ ငရုတ်သီးလှော်မှုန့်တို့ဖြင့် မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

 

Read times
Rate this item
(1 Vote)