Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


Max+ က မြန်မာလူငယ်များ၏ တစ်ဦးနဲ့ တစ်ဦးအကြား ခင်မင်ရင်းနှီးမှုကို အသိအမှတ်ပြုရန် ထူးခြားသည့် Squad အစီအစဉ်များပြုလုပ်

Max+ က Max+ Funday Dat Shin မိတ်ဆက်ခြင်း အစီအစဉ်အား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူငယ်မျိုးဆက်သစ်များအတွက်

JCGV ရုပ်ရှင်ရုံနှင့်အတူ ပူးပေါင်းကာ အခမဲ့ရုပ်ရှင်ကြည့်ရှုနိုင်မည့် အစီအစဉ်၊ eSport ပြိုင်ပွဲနှင့် laser role playing Games တို့ကို အောက်တိုဘာ ၁ ရက်နေ့ မှဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့(City Mall St. John)တွင် အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

 

ယင်းအစီအစဉ်ကို ဆယ်ကျော်သက် လူငယ်များ ပါဝင်ဆင်နွှဲနိုင်စေရန် တက္ကသိုလ်နှင့် အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများကိုဖိတ်ကြားသွားမှာဖြစ်ပါတယ်။

 

၎င်းအစီအစဉ်တွင် ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရုပ်ရှင်ရုံအချို့တွင် ကျောင်းသားကဒ်နှင့် လိမ္မော်၊သံပရာ၊ လိုင်ချီး ၊ ခရင်ဆိုဒါ နှင့် Max+C အရသာ အစရှိသည့် Max+ သံဘူး ၂ ခု (သို့) PET ပုလင်းတံဆိပ် ၃ ခုကိုယူဆောင်လာပါက အခမဲ့ ရုပ်ရှင်ကြည့်ရှုခွင့် လက်မှတ်တစ်ခု
နှင့် လဲလှယ်နိုင်မည်ဖြစ်ပါတယ်။

 

Junction City နှင့် City Mall St. John ရှိ JCGV ရုပ်ရှင်ရုံများတွင် လက်မှတ်လဲလှယ် ထုတ်ယူရမည့် ကောင်တာများကို ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့များတွင် နေ့လည် ၂ နာရီမှ ၆ နာရီအထိ ၊သောကြာနေ့တွင် နေ့လည် ၁ နာရီမှ ၃ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါတယ်။

 

အဆိုပါ Campaign တွင် မြန်မာနိုင်ငံတစ်ဝှမ်းမှ public area များတွင် စွန့်ပစ်ပစ္စည်းများ ကင်းစင်အောင် လုပ်အားပေးဖယ်ရှားပေးလျက်ရှိသည့် Trash Hero လူငယ်လုပ်အားပေးအဖွဲ့အား ပွဲထုတ်ခဲ့ပြီး၊ လူငယ်အကအဖွဲ့၊ စကိတ်အဖွဲ့နှင့် e-gamer အဖွဲ့များ၏ စိတ်ဝင်စားဖွယ် လက်တွေ့ဘဝများကိုလည်း ထုတ်ဖော်ပေးခဲ့ကြောင်းသိရပါတယ်။

Read times
Rate this item
(3 votes)