Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


စိတ်လှုပ်ရှားစရာကောင်းတဲ့ ဟင်းပွဲသစ်တွေကို ဖန်တီးချင်ပါသလား UFS Trend watch Recipe Challenge

ပထမအဆင့် - ယှဉ်ပြိုင်သူများထဲမှ စံခါတင် ()ဦးကို တစ်ပတ်အတွင်း ကြေညာပေးမှာ ဖြစ်ပါတယ်။

 

ဒုတိယအဆင့် - စံခါတင် ()ဦးကို Unilever Food Solutions ရုံးရှိ Chefmanship Center သို့ဖိတ်ခေါ်ယှဉ်ပြိုင်စေပြီး အနိုင်ရရှိသူတစ်ဦးကို အောက်ပါပစ္စည်းများကို ချီးမြှင့်ပြီး ကြေညာသွားမှာဖြစ်ပါတယ်။

 

· မြန်မာကျပ် ဆယ်သိန်းတန်ဖိုးရှိ မီးဖိုချောင်သုံးပစ္စည်းကိရိယာများ၊

· UFS ထုတ်ကုန်ပစ္စည်းများ၊

· UFS စားဖိုမှူးများနှင့်အတူ ideation session ပြုလုပ်ခြင်း၊

· UFS Myanmar Facebook တွင် အနိုင်ရရှိသူရဲ့ အမည်၊ ဟင်းပွဲ၊ စားသောက်ဆိုင်အမည် တို့ကို ဓာတ်ပုံနဲ့တကွကြေညာခြင်း

 

စိတ်လှုပ်ရှားစရာကောင်းတဲ့ ဟင်းပွဲသစ်တွေကို ဖန်တီးချင်ပါသလား?

 

သင့်ရဲ့စားသုံးသူတွေကို ဆန်းသစ်ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ ဟင်းပွဲတွေနဲ့ ဆွဲဆောင်ချင်ပါသလား။

 

UFS Trendwatch Recipe Challenge ပွဲမှာပါဝင်ယှဉ်ပြိုင်ပြီး သင့်ရဲ့ဖန်တီးမှုတွေကို ပြသလိုက်ပါ။

 

ဖော်စပ်ရမယ့်ဟင်းပွဲတစ်မျိုး

ကျွန်ုပ်တို့ရဲ့ UFS ထုတ်ကုန်များနဲ့အတူ ထိုင်းအစားအစာ သို့မဟုတ် တရုတ်အစားအစာ သို့မဟုတ် အနောက်တိုင်းအစားအစာ တစ်မျိုးမျိုးကို ဖော်ထုတ်ပြသရပါမယ်။

 

ပြိုင်ပွဲကာလ

၂၀၁၈ အောက်တိုဘာလ ၁ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့

 

ဘယ်လိုပါဝင်ရမလဲ

အဆင့် ၁း

Unilever Food Solutions Myanmar ရဲ့ Facebook စာမျက်နှာ သို့ဝင်ရောက်ပါ (www.facebook.com/UFSMyanmar)

 

အဆင့် ၂း

သင့်ရဲ့အမည်၊ ဖုန်းနံပါတ်၊ စားသောက်ဆိုင်အမည်၊ စားသောက်ဆိုင်လိပ်စာ၊ အသုံးပြုထားသည့် UFS ရဲ့ ထုတ်ကုန်ပစ္စည်းအမျိုးအစားများနှင့် ဟင်းလျာချက်ပြုတ်ထားသည့် အသေးစိတ်ပါဝင်ပြုလုပ်ပုံ အဆင့်ဆင့်နှင့် ဟင်းပွဲဓာတ်ပုံ () ပုံအား Unilever Food Solutions Myanmar Facebook Page messenger သို့ပို့ပေးရပါမည်။

 

စည်းကမ်းချက်များကတော့း

() ချက်ပြုတ်မယ့်ဟင်းလျာတွင် အနည်းဆုံး UFS ထုတ်ကုန်ပစ္စည်းတစ်ခုပါဝင်ရပါမည်။ မိမိရွေးချယ်ထားသည့် ဟင်းလျာအမျိုးအစားအလိုက် သတ်မှတ်ထားသည့် ထိုင်း (သို့) တရုတ် (သို့) အနောက်တိုင်း Channel basket ကိုရွေးချယ်၍ ချက်ပြုတ်ရမည်။ တရုတ်ဟင်းလျာ၏ Channel Basket တွင် ခနောကြက်သားအရသာဟင်းခတ်မှုန့်၊ ခနောကြက်ပြုတ်ရည်အနှစ်၊ ခနောဝက်ပြုတ်ရည်အနှစ်၊ ခနောအမဲပြုတ်ရည်အနှစ်၊ ခနောခရုဆီ တို့ပါဝင်ပါသည်။ ထိုင်းဟင်းလျာ၏ Channel Basket တွင် ခနောမန်ကျည်းနှစ်၊ ခနောသံပုရာမှုန့်၊ ခနောဘက်စုံသုံးဟင်းခတ်ကြက်သားမှုန့်၊ ခနော ငါးငံပြာရည် တို့ပါဝင်ပါသည်။ အနောက်တိုင်းဟင်းလျာ၏ Channel Basket တွင် ခနောဒဲမီဂလေ့စ်၊ ခနောအကြော်မှုန့်၊ Best Foods မရောနိစ်၊ Best Foods အသုပ်ဆော့စ် တို့ပါဝင်ပါသည်။

 

() ဟင်းလျာချက်ပြုတ်ဖန်တီးသူရဲ့ ကိုယ်ပိုင်ဖန်တီးမှုဖြစ်ရမည်။

 

() ပြိုင်ပွဲဝင်များမှာ ပြိုင်ပွဲကာလအတွင်းမှာသာ လုပ်ဆောင်ရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက်နောက်ကျသည့် ပြိုင်ပွဲ ၀င်များအား ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။

 

() UFS ရဲ့ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်သည်။

 

ဤပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုက်သည်နှင့်တပြိုင်နက် Unilever Food Solutions Myanmar သို့မဟုတ် Unilever Food Solutions Myanmar မှ အလုပ်ခန့်အပ်ထားသူ သို့မဟုတ် သက်ဆိုင်သူမှ ပါဝင်ယှဉ်ပြိုင်သူများ၏ ဓာတ်ပုံ၊ ရုပ်ပုံ၊ ဟင်းပွဲနှင့် စားသောက်ဆိုင်အမည်တို့ကို သတင်းစာများ၊ မဂ္ဂဇင်းများနှင့် အခြားပုံနှိပ်မီဒီယာများ၊ ရုပ်သံထုတ်လွှင့်မှုများ၊ အင်တာနက်မှတစ်ဆင့် ထုတ်ဝေမှုများ၊ ဈေးကွက်ဖော်ဆောင်ရေး အတွက် အသုံးပြုများအတွက် ရည်ရွယ်သုံးစွဲမှာဖြစ်ပြီး ထိုနည်းလမ်းများဖြင့်သာ သုံးစွဲမည်ဟု ကန့်သတ်မထားကာ အခကြေးငွေပေးခြင်း သို့မဟုတ် ထည့်သွင်းစဉ်းစားခြင်း အလျင်းမရှိပဲ သုံးစွဲရန် ခွင့်ပြုရပါမည်။ Unilever Food Solutions Myanmar သို့မဟုတ် Unilever Food Solutions Myanmar မှ အလုပ်ခန့်အပ်ထားသူ သို့မဟုတ် သက်ဆိုင်သူမှတာဝန်ပေးအပ်ခြင်း၊ လိုင်စင်ပေးခြင်းနဲ့ ဆက်ခံခြင်းများတွင် ကျွန်ုပ်၏ဓာတ်ပုံ/ရုပ်ပုံ၊ ဟင်းချက်ပွဲနှင့် စားသောက်ဆိုင်အမည်တို့ကို သုံးစွဲခြင်းအပါအ၀င် အသေရေဖျက်ခြင်း၊ ကိုယ်ရေးကိုယ်တာချိုးဖောက်ခြင်း သို့မဟုတ် အကျင့်စာရိတ္တပိုင်းချိုးဖောက်မှု၊ လူသိရှင်ကြားလုပ်ပိုင်ခွင့် သို့မဟုတ် မူပိုင်ခွင့်တို့အတွက် တောင်းဆိုမှုတစ်စုံတစ်ရာကို မလုပ်ဆောင်ရန် သဘောတူညီပါသည်။

 

ဓာတ်ပုံ/ရုပ်ပုံ၊ ဟင်းချက်နည်းနဲ့ စားသောက်ဆိုင်နဲ့အတူ ကျွနု၏နာမည်ကို ပူးတွဲကာ မှတ်တမ်းတင်သုံးစွဲရန် Unilever Food Solutions မှ တာဝန်ယူထားခြင်းမရှိသော်လည်း သုံးစွဲခွင့်ရှိပါသည်။

 

ဤစည်းကမ်းချက်များတွင် ပါဝင်သည့်အခွင့်အရေးများကိုပေးရန် တာဝန်ယူထားခြင်းမရှိပါ။ ဤစည်းကမ်းချက်များကို နားလည်အောင် ဖတ်ရှုထားပြီး အသက် ၁၈နှစ်ပြည့်ပြီး ဖြစ်ပါသည်။

 

ကျွန်ုပ်၏ဓာတ်ပုံ/ရုပ်ပုံ၊ ဟင်းချက်နည်းနှင့် စားသောက်ဆိုင်နာမည်ကို သုံးစွဲခြင်းနှင့်ပတ်သက်ပြီး အပြည့်အစုံနားလည်ကြောင်း ဤစည်းကမ်းချက်များအရ ဖော်ပြထားပါသည်။

Read times
Rate this item
(3 votes)