Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ဒုတိယအကြိမ်မြောက် သွေးချင်းတို့ပွဲတော်ဆီ စာနယ်ဇင်းမိတ်ဆက်ပွဲ

Unicode

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ ကယားပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် သွေးချင်းတို့ပွဲတော်ဆီ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းအတွင်းတွင် ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျင်းပခဲ့ပါတယ်၊

မြန်မာနိုင်ငံအတွင်း သွေးချင်းညီအစ်ကို တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသား ရပ်ဝန်းခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပမည့် Myanmar Ethnics Culture Festival " သွေးချင်းတို့ပွဲတော်ဆီ " အမည်ဖြင့် ပွဲတော်ကြီးကို ရန်ကုန်မြို့၊ ကျိုက္ကဆံ အားကစားကွင်းကြီးတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ (၇) ရက်တိုင်တိုင် အခန်းကဏ္ဍစုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးပွဲတော်ကြီးတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ပါတယ်။

 

ပြပွဲအတွင်းတွင် ပုဂံရှေးဟောင်းအနုပညာလက်ရာများကို ပြသသွားမည်ဖြစ်ပြီး အခြားတိုင်းရင်းသားပေါင်းစုံတို့၏ ရိုးရာယဉ်ကျေးမှု များကိုလည်း ပြသသွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာ ပြသသွားမည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးမှ တာဝန်ခံတစ်ဦးက ပြောကြားသွားပါတယ်။ ယခင်နှစ်က ပထမဆုံးမို့ လိုအပ်ချက်လေးတွေရှိခဲ့သလို ယခုနှစ်တွင် ယခင်ဟာကွက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းကြိုးစားမည်ဟုလည်း ပြောကြားခဲ့ပါတယ်။

 

Read More >>>>>   လိမ္မော်ဒိန်ချဉ်ဖျော်ရည်

 

ပြပွဲကို အောင်မိသားစုမှ ပွဲတော်ကျင်းပရေးမှ ဦးစီးဦးဆောင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ အောင်မိသားစု ဖျော်ဖြေရေးစင်မြင့်တွင်လည်း လူကြီးမင်းများ၏ ကုန်ပစ္စည်းများကို ကြော်ငြာပေးခြင်း၊ ကုန်ပစ္စည်းကြော်ငြာလိုဂိုများ အလှဆင်ပေးခြင်း၊ ဆိုင်ခန်းနေရာများတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းဘေဘုတ်များကို စိုက်ထူကြော်ငြာနိုင်ခြင်း၊ အောင်မိသားစု သရပါမုခ်ဦးတွင် ဆိုင်းဘုတ်များကြော်ငြာနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ပေးသော ကုမ္ပဏီများကို အောင်မိသားစုမှ နှစ်သက်ရာဆိုင်ခန်း (၁) ခန်း လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဆိုင်ခန်းဈေးနှုန်းများကတော့ ဆိုင်ခန်း (၂၀) ပေ ပတ်လည်တစ်ခန်းလျှင် (၁၅) သိန်း
ဆိုင်ခန်းဆောက်ပြီး မီးချောင်း (၂) ချောင်းအခမဲ့ (ဒေါင့်ခန်း သိန်း ၂၀)

 

စားသောက်ဆိုင်ခန်း (၂၀) ပေ ပတ်လည်တစ်ခန်းလျှင် (၁၅) သိန်း
ဆိုင်ခန်းဆောက်ပြီး မီးချောင်း (၂) ချောင်းအခမဲ့ (ဒေါင့်ခန်း သိန်း ၂၀)

 

ဆိုင်ခန်း (၁၀) ပေ ပတ်လည်တစ်ခန်းလျှင် (၇) သိန်း
ဆိုင်ခန်းဆောက်ပြီး မီးချောင်း (၁) ချောင်းအခမဲ့

 

ဆိုင်ခန်း (၁၀) ပေ ပတ်လည်တစ်ခန်းလျှင် (၅) သိန်း
ဆိုင်ခန်းဆောက်ပြီး မီးချောင်း (၁) ချောင်းအခမဲ့

 

Night Market ဆိုင်ခန်း (၈) ပေ ပတ်လည်တစ်ခန်းလျှင် (၅) သိန်း ဆိုင်ခန်းဆောက်ပြီး မီးချောင်း (၁) ချောင်းအခမဲ့

 

အောင်မိသားစု ပွဲတော်ကျင်းပရေးစင်မြင်တွင် အခမဲ့ဖျော်ဖြေတင်ဆက်မှုများအဖြစ် နိုင်ငံကျော်တေးသံရှင်များနှင့်အတူ ပျော်ရွှင်ဖွယ်ရာ ဂိမ်း ကစားနည်းများဖြင့် ပွဲတော်ရက်အတွင်း တင်ဆက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

ပွဲလာမယ့်သူများအဆင်ပြေစေဖို့အတွက် အပြန် YBS နှင့် ကားပါကင်များကိုလည်း အဆင်ပြေအောင် ဖြည့်ဆည်းပေးထားမည်ဖြစ်ကြောင်း၊ ရေအိမ်ခန်းများကိုလည်း အဆင်ပြေအောင် တည်ဆောက်ထားပေးကြောင်း သိရပါတယ်။

 

ပွဲတော်ကျင်းပမည့်အချိန်က နံနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ ဖြစ်ပြီး ပြပွဲအချိန်ကတော့ နံနက် ၁၁ နာရီမှ ည ၈ နာရီအထိ ဖြစ်ပါတယ်။ ဖျော်ဖြေရေးအချိန်ကိုတော့ ည ၇ နာရီမှ ည ၁၀ နာရီအထိဖြစ်ကြောင်း သိရပါတယ်။

 

#Myanmar Food Industry Directory

 

 


 


 


 

Read More >>>>>   လိမ္မော်ဒိန်ချဉ်ဖျော်ရည်

 


 


 


 


 


 


 


 


 


 


 


Read times Last modified on Thursday, 30 January 2020 15:34
Rate this item
(0 votes)