Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မွေးမြူရေး ဆေးဝါးနှင့်အစာထုတ်လုပ်မှု ဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲ ကျင်းပမည်

နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂ဝဝ ကျော် ပါဝင်ပြသမည့် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး  မွေးမြူရေး၊ ဆေးဝါးနှင့်

အစာထုတ်လုပ်မှုဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကို  ဒီဇင်ဘာ ၆ ရက်မှ  ၈ ရက်အထိ  ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ င်္Fortune Plaza ၌ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှ စက်ပစ္စည်းများနှင့် အတူ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ နယ်သာလန်၊ အိန္ဒိယ၊ မလေးရှား၊ တောင်ကိုရီးယား၊  တရုတ်၊  ဗီယက်နမ် စသည့်နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂ဝဝ ကျော်တို့ ပါဝင်ပြသမည်ဖြစ်ပြီး မွေးမြူရေးနှင့် ဆက်စပ်ပစ္စည်းများ၊ မွေးမြူရေး အစာနှင့် အစေ့အဆန်များ၊ သိုလှောင်ရန်ပစ္စည်းများနှင့် အစာထုတ်လုပ်မှုဆိုင်ရာ ပစ္စည်းများ၊ မွေးမြူရေးဆိုင်ရာ ဆေးဝါးများ၊ မွေးမြူရေး အစာပါဝင်ပစ္စည်းနှင့် ဖြည့်စွက်စာများ စသည့် နောက်ဆုံးပေါ်ကုန်ပစ္စည်းများကို လေ့လာနိုင်မည်ဖြစ် ကြောင်း သိရပါတယ်။

 

ထို့ပြင် ပြပွဲကာလအတွင်း  မွေးမြူရေးဆိုင်ရာ ဆေးဝါးနှင့် တိရ စ္ဆာန်အစာ ထုတ်လုပ်မှု နည်းပညာဟောပြောပွဲ များကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

Read times
Rate this item
(1 Vote)