Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


စိမ်းလန်းစိုပြည်တွင် တန်ဆောင်တိုင်ပွဲတော်ကျင်းပမည်

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) က ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာ တန်ဆောင်တိုင် ပွဲတော်ကို

ရန်ကုန်မြို့အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဂါးဒင်းတွင် (၂၃- ၁၁- ၂၀၁၈)ရက် သောကြာနေ့၊ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက် ညနေ ၅ နာရီမှ ၉ နာရီ ထိ ကျင်းပသွားမည်ဟုသိရပါတယ်။


ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်များ ရေရှည် တည်တံ့စေရန်၊ ရိုးရာအစဉ်အလာများ၊ မြန်မာ့မူမြန်မာ့ဟန်များ၊ မြန်မာမှုအနုသုခများကို အများပြည်သူတို့ ပိုမိုသိရှိနှစ်ခြိုက်ပျော်ရွှင်စွာ ပါဝင်စေရန် ဖြစ်သည်ဟုသိရတယ်။


မြန်မာမုန့်ဈေးတန်းအပါအဝင် ဈေးပွဲတော်၊မြန်မာ့ရိုးရာ ရုပ်သေးအက၊ ရိုးရာခြင်းအလှခတ်၊ အိုးစည် ဒိုးပတ်ဖျော်ဖြေမှုများနှင့်အတူ စုပေါင်း မီးမျှောပွဲတို့ကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားမည်ဟုသိရပါတယ်။


ပွဲတော်ချိန်အတွင်း ဝင်ကြေးအခမဲ့၊ မဲဇလီဖူးသုပ်၊ လက်ဖက်ရည် တို့ဖြင့် ဒါနပြုမည်ဟုလည်းသိရပါတယ်။

Read times Last modified on Friday, 16 November 2018 14:40
Rate this item
(0 votes)