Event & Exhibition
ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကြီး
ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကြီးကို
၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ၊ ပြည်သူ့ရင်ပြင်၊ ကွင်းအမှတ်(၁)တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။
ပြိုင်ပွဲသို့ အနယ်နယ်အရပ်ရပ်၌ရှိသော အိုးသူကြီးများ၊ ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။
ပြိုင်ပွဲတွင် ဆုတံဆိပ်နှင့် ဆုကြေးငွေများကတော့ ပထမရရှိသည့် အသင်းအား ဆုကြေးငွေကျပ်သိန်း (၅၀)၊ ဒိုင်းဆု ၊ ရွှေတံဆိပ်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များအားပေးအပ်ခြင်း၊ ဒုတိယရရှိသည့် အသင်းအား ဆုကြေးငွေကျပ်သိန်း(၃၀)၊ ငွေတံဆိပ်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခြင်း၊ တတိယရရှိသည့် အသင်းအား ဆုကြေးငွေကျပ်သိန်း (၂၀)၊ ကြေးတံဆိပ်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အားပေးအပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဗိုလ်လုပွဲသို့ တက်ရောက်လာသော အသင်း(၄)သင်းမှ ပထမ၊ ဒုတိယ၊ တတိယဆုအပြင် နှစ်သိမ့်ဆုအားလည်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ပြိုင်ပွဲဝင်ဖောင်ပိတ်ရက်အား ပြိုင်ပွဲဝင်ရန် စိတ်အားထက်သန်၍ လူစုမရသေးပဲ နောက်ကျ သွားမည်စိုးသော ဝါသနာရှင်များ၊ အိုးသူကြီးများအတွက် ရည်ရွယ်၍ ထပ်မံတိုးပေးထားပါတယ်။
ပြိုင်ပွဲဝင်ရန် ဖောင်လာရောက်တင်သူ အသင်းများအားလုံးအား ယခင်နှစ်တွင် Road To Mida ဟူ၍လူရွေးပွဲ ပြုလုပ်ပြီး ရွေးချယ်ပြီးမှသာ ပြိုင်ပွဲကြီး ပြုလုပ်ကျင်းပပေးခဲ့သော်လည်း ယခုနှစ်တွင် ပြိုင်ပွဲဝင်ခွင့်ဖောင်လာတင်သည့် အသင်းအားလုံးအား ပွဲကြီးကျင်းပရက်ဖြစ်သော ၂၀၁၈ခုနှစ် ၊ မတ်လ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့များတွင် တခါတည်း အနိုင်အရှုံးဆုံးဖြတ်ခါ ပါဝင်ယှဉ်ပြိုင်သွားစေမည်ဖြစ်ပါကြောင်း သိရပါတယ်။
ပြိုင်ပွဲဝင် Form များ အောက်ဖော်ပြပါ ပုံများမှ Download ကူးယူ၍ ပြည့်စုံစွာ ဖြည့်စွက်ပြီး မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရုံး Email လိပ်စာ headoffice@myanmar-restaurantassociation.com သို့လည်းကောင်း Facebook Chat Box သို့လည်းကောင်းပေးပို့နိုင်ကြောင်း သိရပါတယ်။
အသင်းရုံးခန်းသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားလိုသူများအနေဖြင့်
အမှတ် (၂၄/၂၆)၊ ၄လွှာ (F)၊ မြင်းပြိုင်ကွင်းကွန်ဒို၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်တွင်လည်း လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
မဒွဲဂျာ
ဖုန်းနံပါတ် - 09250087536, 09420213574, 01549761 , 01549763 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။