Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


MRA Connect #3 " Panel Discussion & Seminar "

၂၀၁၉ ခုနှစ်၊ မေလ ၁၉ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမည့် MRA Connect #3 ရဲ့ Panel Discussion & Seminar တွင် Panelist တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးပေးသွားမည့် ခိုင်ခိုင်ကျော် မြန်မာထမင်းနှင့်စားသောက်ဆိုင်များရဲ့ ပဲ့ကိုင်ရှင် ဦးကျော်မြတ်မိုးနှင့် မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

 

ဦးကျော်မြတ်မိုးကို ၁၉၆၅ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ (၁၉၉၀)တွင် အိမ်ထောင်ပြု၍ သမီး (၂)ဦးထွန်းကားခဲ့ပြီး အင်းစိန်မင်းကြီးလမ်းတွင် ကုန်စုံဆိုင် စဖွင့်လှစ်ခဲ့၍ ၁၉၉၂ ခုနှစ်တွင် ကုမ္ပဏီလုပ်ငန်းများကို မြန်မာပြည်ကိုယ်စားလှယ်အဖြစ်စတင်လုပ်ကိုင်ခဲ့ပါသည်။

 

(၂၀၀၃)ခုနှစ်၌ ထမင်းချိုင့်ဆွဲ ပို့ဆောင်ရေးနှင့် မြန်မာထမင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းလုပ်ငန်းများကို ပြန်လည်စတင်လုပ်ကိုင်ခဲ့ပါသည်။

 

၂၀၁၄ တွင် ခိုင်ခိုင်ကျော်အုပ်စုရောင်းဝယ်ရေးကုမ္ပဏီ ကိုတည်ထောင်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် ဆိုင်ခွဲပေါင်း ၁၆ ဆိုင်ကို လုပ်ဖော်ကိုင်ဖက် ဝန်ထမ်း(၉၅၀)ခန့်နှင့်အတူ မြန်မာနိုင်ငံနှံ့အပြားတွင် အောင်မြင်စွာဖွင့်လှစ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။

 

Read More >>>>>  တရုတ်အစားအစာဖြစ်တဲ့ သက်သတ်လွတ် ပဲလိပ်ချိုချဉ်ကြော်

 

MRA Connect#3 ၏ " Restaurant Chain Operations " ခေါင်းစဉ်ဖြင့် ဦးကျော်မြတ်မိုး၏ နှစ်ပေါင်းများစွာဖြတ်သန်းလာခဲ့သော စီမံခန့်ခွဲမှု အတွေ့အကြုံများနှင့် မြန်မာနိုင်ငံ၏ စားသောက်ဆိုင်လုပ်ငန်းနယ်ပယ်အတွင်း သိသင့် သိထိုက်သောအကြောင်းအရာတွေကို F&B နယ်ပယ်မှ အခြားသောလုပ်ငန်းရှင်များနဲ့အတူအကြံပြုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

 

မကြာမီရောက်ရှိလာတော့မယ့် MRA connect #3 (19.5.2019) 1:00 - 5:00 PM, IBC Grand Ballroomမှာ သူ့ရဲ့အတွေ့အကြုံတွေကို ဘယ်လိုဆွေးနွေးပေးသွားမလဲဆိုတာ သိရှိရအောင် အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။


#MRAConnect3


#FreeEntry

Read times Last modified on Tuesday, 14 May 2019 10:06
Rate this item
(1 Vote)