Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ကြိုက်တာစားလို့ရနိုင်ပြီး " ရှေးရိုးဆန်တဲ့ ညဈေးပွဲတော် "

နယ်ပယ်အစုံ၊ ဒေသအစုံမှာ မမြင်ရ မတွေ့ ရ တာကြာပြီး ရှာဖို့ တောင်ခက်ခဲတဲ့ ရိုးရာ အစားအစာတွေကို


တစ်နေ ရာတည်းမှာ စုံစုံလင်လင်နဲ့ ညဈေးတန်း ပွဲတော်တစ်ခုကို ရန်ကုန်မှာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒီပွဲတော် ကျင်းပမယ့် ရက်က ၃ ရက်တည်းပါ။

f2

 

ဒီပွဲတော် နာမည်ကို “ Signature Night Market “ လို အမည်ပေးထားပြီး ရန်ကုန်မှာ ပထမဆုံးအကြိမ် နှင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဖြင့် ကျင်းပမှာ ဖြစ်ပါတယ်။

 

အစားအသောက်ဆိုင်တွေရှိမယ်၊ Fashion Design အဆန်းတွေဆိုင်ပါမယ်၊ အရုပ် ကောက်တာပါမယ်၊ ဓာတ်ပုံလှလှလေးတွေ ရိုက်ဖို့  စိမ်းစိမ်းစိုစို သစ်ရွက်တွေ နဲ့ Garden Theme ပုံစံ ၊ Photo Booth လေးတွေပါ တွေ့ ရမှာပါ။

 

အစားအသောက်ဆိုင်ပိုင်းမှာတော့ Steak On The Street, YPPN စဥ့်အိုးကြက်ကင်,I need Meat, Selfie Coffe From မိုးလင်းမိုးချပ်,Feel ကမုန့်မျိုးစုံ,Cozy Bar,Cha Paynom Milk Tea တို့အပြင် ရန်ကုန်မှာ တွေ့ ရမြင်ရခဲတဲ့ အစားအစာတွေ ဖြစ်တဲ့ ဆာဗူးတီး၊  ကယားဝက်အူချောင်း၊ ဝါးပလောက်ဂျယ်လီ၊ မော်လမြိုင်မုန့်တီ၊ ရခိုင်မုန့်တီ၊ ရှမ်းဆို ကင်ပေါင်းကြော်၊ ဝါးပိုးကြော်၊ လက်ဖက်ငါးကင်၊ မလိုင်ပေါက်စီ၊ ကျိုင်းတုံအမဲခေါက်ဆွဲ၊ တာချီလိတ်အကင် စသဖြင့် တော်တော်များများကို စုံလင်စွာ တွေ့ ရှိရမှာပါ။

 

ဒီပွဲကျင်းပမယ့်ရက်ကတော့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက် ၂ ရက်နေ့ အထိ ဖြစ်ပါတယ်။  အချိန်ကတော့ နေ့လည် ၂ နာရီကနေ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။ နေရာကတော့ ပြည်သူ့ရင်ပြင်ထဲမှာပါ။

 

f3
ဒီပွဲတော် မှာ ဆိုင်​ခန်းနှင့် ရောင်းချလိုသူများအတွက်က ဖုန်းနံပါတ် - 09263664279 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 f4

သူငယ်ချင်းများနဲ့အတူ လကုန်ရက်မှာ အမုန်း သွားစားဖို့အတွက် Myanmar Food Industry Directory မှ လမ်းညွှန်ပေးလိုက်ပါတယ်။

Read times Last modified on Friday, 23 November 2018 13:21
Rate this item
(0 votes)