Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


စစ်တမ်းကောက်ယူထားသော စီးပွားရေးလုပ်ငန်း ၁၀ ခုအနက် ၉ ခုသည် Covid-19 ကြောင့် အခြေအနေမကောင်းသည်ကို Business Sentiment Surveyမှ တွေ့ရှိခဲ့

Business Sentiment Survey (BSS) ၏ လက်ရှိအဖြေများသည် ၂၀၁၆ ခုနှစ်မှ စတင်လုပ်ခဲ့သော စစ်တမ်းများအနက် အဆိုးရွားဆုံးဖြစ်နေသည်ကို

Myanmar Marketing Research & Development (MMRD) မှ ဌာနခွဲတစ်ခုဖြစ်သော Business Insight မှ ဖော်ပြခဲ့သည်။

၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် စီးပွားရေးလုပ်ငန်း ၂၀၀၀ ဝန်းကျင်အား အွန်လိုင်းစစ်တမ်းကောက်ယူခြင်း၊ လူခြင်းတွေ့ မေးမြန်း ကောက်ယူခြင်းများ ပြုလုပ်ခဲ့ရာ ယခင် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ၇၂ % ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ၃၇ % များနှင့် နှိုင်းယှဉ်သော် ယခု  စစ်တမ်းတွင် ၉၀ % သည် ၎င်းတို့၏ စီးပွားရေး အခြေအနေများမကောင်းဟု ဖြေဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစီးပွားရေးအခြေအနေ မကောင်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကပ်ရောဂါ Covid 19 ကြောင့်ဖြစ်ပြီး ဖြေဆိုသူ၏ ၉၄% မှာ ကပ်ရောဂါသည် ၎င်းတို့၏ စီးပွားရေးအား ထိခိုက်ခဲ့သည်ဟု ဖြေဆိုခဲ့သည်။ ထို ၉၄% အနက် ၃၇%  သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းသည် ဆိုးရွားစွာ ထိခိုက်နေပြီး  ၅၇%  သည် အသင့်အတင့် ထိခိုက်ခဲ့ကြောင်း အဆိုပါ စစ်တမ်းအရ သိရသည်။

Business Sentiment Survey(BSS) မှ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စစ်တမ်းကောက်ယူထားသော စီးပွားရေးလုပ်ငန်း ၁၀ ခုအနက် ၉ ခုသည် Covid-19 ကြောင့် အခြေအနေမကောင်းသည်ကို Business Sentiment Survey မှ တွေ့ရှိခဲ့

မြန်မာ ၂၀၂၀ခုနှစ် ဇူလိုင်လ (၂) ရက် - Business Sentiment Survey (BSS) ၏ လက်ရှိအဖြေများသည် ၂၀၁၆ ခုနှစ်မှ စတင်လုပ်ခဲ့သော စစ်တမ်းများအနက် အဆိုးရွားဆုံးဖြစ်နေသည်ကို Myanmar Marketing Research & Development (MMRD) မှ ဌာနခွဲတစ်ခုဖြစ်သော Business Insight မှ ဖော်ပြခဲ့သည်။

၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် စီးပွားရေးလုပ်ငန်း ၂၀၀၀ ဝန်းကျင်အား အွန်လိုင်းစစ်တမ်းကောက်ယူခြင်း၊ လူခြင်းတွေ မေးမြန်း ကောက်ယူခြင်းများ ပြုလုပ်ခဲ့ရာ ယခင် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ၇၂ % ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ၃၇ % များနှင့် နှိုင်းယှဉ်သော် ယခု  စစ်တမ်းတွင် ၉၀ % သည် ၎င်းတို့၏ စီးပွားရေး အခြေအနေများမကောင်းဟု ဖြေဆိုခဲ့သည်။

မြန်မာနိုင်ငံစီးပွားရေးအခြေအနေ မကောင်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကပ်ရောဂါ Covid 19 ကြောင့်ဖြစ်ပြီး ဖြေဆိုသူ၏ ၉၄% မှာ ကပ်ရောဂါသည် ၎င်းတို့၏ စီးပွားရေးအား ထိခိုက်ခဲ့သည်ဟု ဖြေဆိုခဲ့သည်။ ထို ၉၄% အနက် ၃၇%  သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းသည် ဆိုးရွားစွာ ထိခိုက်နေပြီး  ၅၇%  သည် အသင့်အတင့် ထိခိုက်ခဲ့သည်။

COVID – 19 ၏ သက်ရောက်မှုကို (ပြင်းထန်စွာ) ရင်ဆိုင်ရသော စီးပွားရေးလုပ်ငန်း ရာခိုင်နှုန်းများ

ထပ်မံ၍ ယခုပြုလုပ်နေသော  BSS စစ်တမ်းသည် စီးပွားရေး ၁၀ခု အနက် ၆ခုသည် နောင်၃လတွင် ၎င်းတို့၏ စီးပွားရေးအခြေအနေ ပြန်လည်ထူထောင်ရန် ယုံကြည်ချက်မရှိဟူသော အချက်ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးယုံကြည်မှုအား ဖော်ပြခဲ့သည်။ 

စီးပွားရေးသဘောထားများ စစ်တမ်းကို ၂၀၁၆ ခုနှစ်မှစ၍ ပုံမှန်ကောက်ယူခဲ့ပြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ အဓိက စီးပွားရေး အချက်အလက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် အဖြေများ ဖော်ထုတ်နိုင်ရန် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေဖော်ထုတ်လျက် ရှိပါသည်။ 

UMFCCI သည် BSS စစ်တမ်း၏ တွေ့ရှိချက်များကို ပြန်လည်သုံးသပ်ကာ စီးပွားရေးဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ၀န်ကြီးဌာနများနှင့် တာဝန်ရှိသူများသို့ တင်ပြကာ B4B ဟု ခေါ်သော (စီးပွားရေးအတွက်စီးပွားရေး) ဖိုရမ်နှစ်ခုကို ပြုလုပ်ခဲ့သည်။ ထို့ပြင် ဤစစ်တမ်းကို ဖြေဆိုခြင်းအားဖြင့် ဖြေဆိုသူများ၏ သဘောထားများအား မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေတိုးတက်မှုများနှင့် ပတ်သက်သော တာဝန်ရှိသူများကို  အသိပေးနိုင်မည် ဖြစ်ပါသည်။

CEC ဦးမိုးကျော်သည် UMFCCI သုတေသနနှင့် စီးပွားရေးမူဝါဒ လေ့လာတင်ပြရေးကော်မတီ၏ ဒုတိယဥက္ကဌဖြစ်ပြီး Business Sentiment Survey  ၏ တည်ထောင်သူတစ်ဦး ဖြစ်ပါသည်။ ဤ Business Sentiment Survey  သည် စီးပွားရေးလုပ်ငန်းအားလုံးကို  မိမိတို့၏ စီးပွားရေးအခြေအနေ ကောင်း၊ မကောင်း ဖော်ပြရန်ဖြစ်သည်။ “ စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ စီးပွားရေးအခြေအနေ မကောင်းတဲ့အခါ Complain တက်ကြတယ်၊ အခုဆိုရင် သူတို့ရဲ့ အခြေအနေတွေကို Business Sentiment Survey မှာ တစ်စုတစ်စည်းတည်း ဖော်ပြလို့ရတာပေါ့ ” ဟု ဦးမိုးကျော်မှ ပြောကြားခဲ့ပါသည်။

စစ်တမ်းတွင် ပါဝင်ခဲ့ကြသူများအား ငွေကျပ် (၄) သန်း တန်ဖိုးရှိသော ရုံးသုံးပရိဘောက ပစ္စည်းများနှင့်    ထိပ်တန်းဆုအဖြစ် ကမ္ဘာ့အထင်ရှားဆုံးနှင့် အသုံးများသော Herman Miller မှ Executive Chair “ Aron” ကို ကံစမ်းမဲ အစီအစဉ်တွင် မဲဖောက်ပေးအပ်ပါမည်။ 

ဤစစ်တမ်းသည် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီး အွန်လိုင်းတွင် ဖြေဆို၍ ရနိုင်ပါသည်။ ဤစစ်တမ်းတွင် ပါဝင်ဖြေဆိုလိုသော စီးပွားရေးလုပ်ငန်းများသည် အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖြေဆိုနိုင်ပြီး ၂၀၂၀ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ပါသည်။

https://www.surveymonkey.com/r/BSS2020W1FB

UMFCCI ၏ ကိုယ်စား, MMRD Ltd, Business Insight မှ Business Sentiment Survey အကြောင်းကို ပိုမို သိရှိလိုပါက ကျေးဇူးပြု၍ ဖော်ပြပါ Official Website Link 

http://www.mmrdrs.com/business-sentiment-survey-2/

(သို့မဟုတ်) Facebook စာမျက်နှာ “Business Sentiment Survey” တွင်လည်းကောင်း၊ 

Facebook page သို့သွားရန် ပုံကို ထိပါ


 

 This email address is being protected from spambots. You need JavaScript enabled to view it. သို့ Email ဖြင့်လည်းကောင်း သို့မဟုတ် 

ဖုန်းနံပါတ် 01-200326, 01200846 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။ 

Read times
Rate this item
(0 votes)