Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


MacCoffee က ကော်ဖီသောက်ရင်း ပျော်ရွှင်မှုများကို ဝေမျှသွားမယ့် Coffee O-Clock ပွဲတော် ကျင်းပပြုလုပ်ခဲ့

၂၀၁၈ ခုနှစ်၊ မေလ (၁၂) ရက်နေ့ မှာ Junction Square မှာ နိုင်ငံတကာ အသိအမှတ်ပြုဆုရ

အမှတ်တံဆိပ်ဖြစ်တဲ့ MacCoffee က မြန်မာနိုင်ငံရှိ ကော်ဖီချစ်သူများအတွက် ပွဲတော်များ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

MacCoffee ရဲ့ “Coffee O-Clock” ခေါင်းစဉ်နဲ့ ထောင်ပေါင်းများစွာသော ဧည့်သည်တွေကို MacCoffee တွေဝေမျှပြီး ထူးခြားတဲ့ ကော်ဖီချိန်လေးတွေ ဖန်တီးပေးခဲ့ပါတယ်။

 

ဒီနှစ်အတွင်း အခုလိုမျိုး MacCoffee ပွဲတော်တွေကို မြန်မာနိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာရှိတဲ့ ကော်ဖီချစ်သူတွေအတွက် ထပ်ပြီး ကျင်းပပြုလုပ်ပေးဖို့လည်း စီစဉ်နေပါတယ်” လို့ MacCoffee ရဲ့ Marketing Manager ဖြစ်သူ မတင်မျိုးဆက်က ပြောကြားခဲ့ပါတယ်။

 

မေလ ၁၂ရက်နေ့က Junction Square မှာကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ ကြွရောက်လာတဲ့ ပရိတ်သတ်များအတွက် MacCoffee ရဲ့ Brand Representative ဖြစ်သူ Myanmar Idol Season 2 ဆုရှင် သားငယ် က သီဆိုဖျော်ဖြေခဲ့ပြီး ပျော်ရွှင်စရာ ကာရာအိုကေပြိုင်ပွဲ အပါအဝင် ဂိမ်းပြိုင်ပွဲများမှာ ပါဝင်ဆော့ကစားခဲ့ပါတယ်။

 

ဖျော်ဖြေရေး အစီအစဉ်များအတွင်း နာမည်ကျော် အဆိုတော် Jewel ကလည်း ပါဝင်တင်ဆက်ခဲ့ပြီး အခမ်းအနားမှာ မတင်မျိုးဆက်၊ မော်လ်ဒယ်/သရုပ်ဆောင် ညိမ်းသော် နဲ့အတူ သရုပ်ဆောင် ယွန်းယွန်း တို့ ပါဝင်တဲ့ စကားဝိုင်းတစ်ခုကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။

 

အဆိုပါ စကားဝိုင်းမှာ မြန်မာနိုင်ငံရှိ နေ့စဉ် လူနေမှုဘ၀တွေမှာ ကော်ဖီ် ဟာ အစိတ်အပိုင်း တစ်ခုအဖြစ် နေရာယူလာပုံ၊ ကော်ဖီကို စတင် ကြိုက်နှစ်သက်ခဲ့ပုံနဲ့ ကော်ဖီကရတဲ့ အကျိုးကျေးဇူးများကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

 

မြန်မာနိုင်ငံမှာ ထုတ်လုပ်ထားတဲ့ ကော်ဖီ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ပြည်တွင်းဈေးကွက်မှာ MacCoffee The Original နဲ့ MacCoffee White Coffee အမျိုးအစား နှစ်မျိုးမှာ လူကြိုက်များလျက်ရှိပါတယ်။

 

MacCoffee ရဲ့ ပွဲတော်တွေကတဆင့် လူအများရဲ့ တစ်နေ့တာအတွင်း အနှစ်သက်ဆုံး ကော်ဖီချိန်များတွင် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမယ့် ထူးခြားတဲ့ ကော်ဖီချိန် အခိုက်အတန့်များကို ဖန်တီးပေးရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

 

ကော်ဖီချစ်သူတွေဟာ အလုပ်မအားလပ်သည့်တိုင် မနက်ခင်းအချိန်၊ အလုပ်လုပ်နေချိန်၊ သို့မဟုတ် ညနေခင်း အိမ်တွင် အပန်းဖြေအနားယူတဲ့ အချိန်တွေမှာ ကော်ဖီကို အချိန်ပေး သောက်သုံးလေ့ရှိပါတယ်။ အဲဒီအချက်ပေါ်မူတည်ပြီး MacCoffee ပွဲတော်ကို “Coffee O-Clock” ပုံစံနဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး တစ်နေ့တာအတွင်း သတ်မှတ်ထားတဲ့ အထူး ကော်ဖီချိန်တွေမှာ သင်းပျံ့တဲ့ အနံ့၊ စစ်မှန်တဲ့ အရသာရှိတဲ့ MacCoffee တွေကို အခမဲ့ သောက်နိုင်ပါတယ်။

 

“MacCoffee က ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ရင်းနှီးပြီးသားပါ။ အထူးသဖြင့်တော့ ရုရှား နဲ့ ဗီယက်နမ်မှာ နှစ်ခြိုက်စွာ သောက်သုံးနေကြတဲ့ အမှတ်တံဆိပ်တစ်ခုပါပဲ။ အရင်နှစ်က ရုရှားနိုင်ငံမှာ ကော်ဖီမစ် အမျိုးအစားတွေအတွက် ပေးအပ်ချီးမြှင့်တဲ့ "Product of the Year 2017" ဆုကို MacCoffee က ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ MacCoffee ကို ပြည်တွင်းမှာပဲ ထုတ်လုပ်ထားပါတယ်။ တစ်နေ့တာ ကော်ဖီချိန်တွေမှာ ကော်ဖီသောက်ရင်း ပျော်ရွှင်မှုတွေ ဝေမျှနိုင်ဖို့ MacCoffee ကို မြည်းစမ်းကြည့် စေချင်ပါတယ်။

 

စစ်မှန်တဲ့ ကော်ဖီအရသာ ပြင်းပြင်းကို ကြိုက်နှစ်သက်သူတိုင်း MacCoffee Original ကို စမ်းသောက်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ဆိမ့်သက်တဲ့ ကော်ဖီအရသာကိုမှ နှစ်သက်သူတွေကတော့ MacCoffee White Coffee ကို အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 13:50
Rate this item
(1 Vote)