Event & Exhibition
F&B Start-up Venture ဆိုတဲ့ Panel Discussion
F&B Start-up Venture ဆိုတဲ့ Panel Discussion ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့၊ သောကြာနေ့တွင် ရန်ကုန်မြို့ ၊ Sule Shangri-La Hotel တွင် ညနေ (၄) နာရီမှ ည (၈) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အောင်မြင်နေတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေရဲ့ သူတို့ကြိုးစားခဲ့စဉ်အခါက အတွေ့အကြုံတွေကို ပြန်လည်၍ ဆွေးနွေးတင်ပြခဲ့ပါတယ်။
ပါဝင်ဆွေးနွေးခဲ့ကြသူများကတော့
- ဒေါ်အိမေလွင် ( Happy Noddle and Cafe )
- ဦးစိုးသူရိန်ထွန်း ( ခေမရဌ် စားသောက်ဆိုင်၊ My Catering - Lunch Box & Catering Service )
- ဦးအောင်ကျော်မိုး ( မြို့မေတ္တာရိုးရာစားသောက်ဆိုင်၊ လျှာလည်လည် တုတ်ထိုဘူဖေး )
- ဦးချမ်းငြိမ်းစိုး ( FUSE , After 8 , Blow Hookah Lounge, Roof Alchemy Bar )
- Admin N @ Dr. Hein Zaw Nyo ( Foodaholic Myanmar Page တည်ထောင်သူ) တို့ပဲဖြစ်ပါတယ်။
ဆိုင်ဖွင့်မယ်ဆိုရင်တော့
- Menu တစ်ခုရွေးတဲ့အခါမှာ ဘယ်လိုအချက်တွေ အခြေခံပြီး ရွေးချယ်သလဲ
- အစားအသောက်ဈေးနှုန်းတွေ သတ်မှတ်တဲ့အခါ ဘယ်လိုအချက်တွေ ထည့်သွင်းစဉ်းစားဖို့ လိုမလဲ
- ဝန်ထမ်းကောင်းတွေမြဲတဲ့ အကြောင်းရင်းတွေက ဘာတွေဖြစ်မလဲ
- အမြဲပြောင်းနေတဲ့ ခေတ်ရဲ့အကြိုက် ဘယ်လိုလိုက်ကြမလဲ
- နေ့စဉ်နဲ့အမျှဖြစ်နေတဲ့ပြဿနာတွေ အကောင်းဆုံးဘယ်လိုဖြေရှင်းကြမလဲ
- ကိုယ့်ရဲ့ဆိုင် Marketing လုပ်ဖို့အတွက် ဘယ်ကနေစရမလဲ
- ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကြားမှာ ထားရှိသင့်တဲ့ကျင့်ဝတ်တွေ စတဲ့အကြောင်းအရာတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။
Panel Disucssion အပြီးတွင်လည်း ဆိုင်ပိုင်ရှင်များ၊ Suppliersများ၊ Food Blogger များအချင်းချင်း မိတ်ဆက်နိုင်တဲ့ Networking Section တို့လည်း ပါဝင်ပါတယ်။