Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


တရားမ၀င်ကုန်သွယ်မှု သတင်းအချက်အလက်ဆိုင်ရာဖိုရမ် မြန်မာတွင် ကျင်းပမည်

တရားမ၀င်ကုန်သွယ် မှု သတင်းအချက် အလက်ရရှိ ရန် ခက်ခဲသဖြင့် ပြဿနာပိုမိုနားလည်ရန်နှင့် အရေးယူမှုမြှင့်တင်နိုင်ရေး သတင်းအချက်အလက် ဆိုင်ရာဖိုရမ်ကို မြန်မာနိုင်ငံတွင် ပထမအကြိမ် ကျင်းပမည်ဖြစ် သည်။

 

တရားမ၀င်ကုန်သွယ်မှု တိုက်ဖျက်ရေး နိုင်ငံဖြတ်ကျော် ပူးပေါင်းမှုအသင်းနှင့် ဥရောပကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း ၍ စက်တင်ဘာ ၅ ရက်တွင် နေ ပြည်တော်၌ ကျင်းပမည် ဖြစ် သည်။

 

ယခုနှစ်တွင် စတင်ကောက် ယူသည့် တရားမ၀င်ကုန်သွယ်မှု ၀န်းကျင်ဆိုင်ရာ ညွှန်းကိန်း၌ ၈၄ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့်(၈၁)တွင်ရှိနေသည်။

 

ထိုညွှန်ကိန်းသည် တရားမ၀င်ကုန်သွယ်မှုများတွင် စီးပွားရေးအခြေအနေများ၊ စည်းမျဉ်းလုပ်ထုံးလုပ်နည်းဆိုင်ရာ အခြေအနေများနှင့် အရေးယူဆောင်ရွက်ရမည့် နယ်ပယ်များ သတ်မှတ်ရန်ဖြစ်ကြောင်း ဥရောပ ကုန်သည်ကြီးများ အသင်းက ထုတ်ပြန်သည်။

 

ထိုဖိုရမ်တွင် အညွှန်းကိန်း တွေ့ရှိချက်များ၊ အသေးစိတ်သု တေသနရလဒ်များနှင့် အကြံပြု ချက်များ တင်ပြဆွေးနွေးမည်ဖြစ် ပြီး ကုန်သည်များ၏ စိုးရိမ်ပူပန် များကို တင်ပြမည်ဟု ဆိုသည်။ ထိုဖိုရမ်ကို ဥရောပကုန်သည်ကြီး များအသင်းအပြင် The Eco-nomics-Intelligence Unit လည်း ပါဝင်မည်ဖြစ်ပြီး ထိုအဖွဲ့ သည် Economics သတင်းဌာန သုတေသနနှင့် လေ့လာရေးအဖွဲ့ နှင့် စီးပွားရေးသုံးသပ်မှုဆိုင်ရာ ထိပ်တန်းအဖွဲ့ကြီးဖြစ်သည်။

 

ထိုညွှန်းကိန်းတွင် တရားမ ၀င် ကုန်သွယ်မှုအနည်းဆုံးအဖြစ် ဖင်လန်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံအောက် လာအို၊ လစ်ဗျားနှင့် အီရတ်နိုင်ငံတို့ရှိပြီး မြန်မာနိုင်ငံအထက်၌ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံ ရှိသည်။

 

ဥရောပကုန်သည်အသင်း သည် မြန်မာနိုင်ငံရှိ ဥရောပစီးပွား ရေးလုပ်ငန်းများကို ကိုယ်စားပြု သည့် အဖွဲ့အစည်းဖြစ်ပြီး ဥရော ပ လုပ်ငန်းများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည်။

 

Source: 7 days new

 

Read times Last modified on Tuesday, 18 September 2018 10:10
Rate this item
(1 Vote)