Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့အကောင်းဆုံး စားသောက်ကုန်နှင့် ဟော်တယ်လုပ်ငန်းဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီး

မြန်မာ့အကောင်းဆုံး စားသောက်ကုန်နှင့် ဟော်တယ်လုပ်ငန်းဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲကြီး

ပြပွဲကို ရန်ကုန်မြို့၊ မိုင်ဒါကွင်း (ဦးဝိစာရလမ်း) တွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ပြပွဲကို ပြသမှာ ဖြစ်ပါတယ်။

မြန်မာ့အကောင်းဆုံး စားသောက်ကုန်နှင့် ဟော်တယ်လုပ်ငန်းဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲကြီးကို AMB Tarsus Events Group မှ စီစဉ် ဆောင်ရွက်ပေးကြောင်း သိရပါတယ်။

ယင်းကုန်စည်ပြပွဲတွင် အရင်နှစ်များထက်ပိုစိတ်လှုပ်ရှားစရာကောင်းသော အစားအသောက်နှင့် အဖျော်ယမကာများ၊ အစားအသောက်ဆိုင်ရာ ၀န်ဆောင်မှုများ၊ နောက်ဆုံးပေါ်ဟိုတယ်များနှင့် စားသောက်ဆိုင်များ၊ Kitchen တွင် အသုံးပြုသော ပစ္စည်းများကိုလည်း တွေ့မြင်ရမှာ ဖြစ်ကြောင်း သိရပါတယ်။

ကုန်စည်ပြပွဲတွင် ကုမဏီကြီး ၃၀၀ ကျော်မှ ၀င်ရောက်ပြသမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားအစီအစဉ်များမှာ မနက်ပိုင်းတွင် ပြပွဲမှတ်တမ်းတင်ခြင်း၊ အထူးဖိတ်ကြားသော ဧည့်သည်တော်များ ရောက်ရှိခြင်း၊ မြန်မာ့ရိုးရာအကဖြင့် ဖျော်ဖြေဧည့်ခံခြင်း၊ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ပြပွဲအားဖွင့်လှစ်ခြင်း၊ အထူးဧည့်သည်တော်များမှ လှည့်လည်ကြည့်ရှုခြင်းနှင့် အထူးဧည့်သည်ခန်းမဆောင်တွင် အင်တာဗျူးပြုလုပ်ခြင်း တို့ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့အကြီးအကျယ်ဆုံး စားသောက်ကုန်နှင့် ဟော်တယ်လုပ်ငန်းဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲကြီးကို နံနက် ၉း၃၀ နာရီမှ ညနေ ၅ နာရီ အထိ ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

Read 1869 times Last modified on Thursday, 06 September 2018 16:18
Rate this item
(2 votes)