Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


အစားအသောက်များနှင့် ဂီတတို့ကိုပါ ခံစားနိုင်မယ့် စင်္ကာပူပွဲတော်

Unicode

 

အစားအသောက်များနှင့် ဂီတတို့ကိုပါ ခံစားနိုင်မယ့်  စင်္ကာပူပွဲတော်


၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်

စင်္ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာနအောက်ရှိ Singapore tourism Board (STB) ဟာ  ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ကမ္ဘာအေး ဘုရားလမ်းရှိ ချင်းချောင်းနန်းတော်တွင် Singapore Festival 2020  ကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။

 

Singapore Festival 2020 တွင် စင်္ကာပူနှင့် မြန်မာနိုင်ငံမှ စားဖိုမှူးများ၊ ဂီတပညာရှင်များ၊ အနုပညာရှင်များနှင့် ဖက်ရှင်အမှတ်တံဆိပ်များက ပူးပေါင်းပြီး ပွဲလာပရိသတ်များအတွက် စင်္ကာပူလူနေမှုဘဝ၏ ဆန်းပြားသော အရသာအမျိုးမျိုးကို ခံစားနိုင်ရန် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယခင်ကဆိုရင်တော့ ဘိုကလေးဈေးလမ်းတွင် ကျင်းပခဲ့သော Singapore Festival 2018 ဟာ Street Party ပွဲတော်ကြီးဖြစ်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ခမ်းနားသော Garden Party နှင့်အတူ လွင့်မျောဖွယ်တေးဂီတအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ပွဲလာပရိသတ်များက acoustic ဂီတအဖွဲ့များနှင့် DJ များ၏ ဖျော်ဖြေမှုများကို နားဆင်ခြင်း၊ ထိပ်တန်း စင်္ကာပူနှင့် မြန်မာစားဖိုမှူးများက ပျော်ပွဲစားသဖွယ် တည်ခင်းပေးတဲ့ အရသာကောင်းမွန်တဲ့ အစားအသောက်များကို သုံးဆောင်ရင်းဖြင့် အပန်းဖြေ အနားယူ နိုင်မှာဖြစ်ပါတယ်။

 

Read More >>>>>  ဘန်ကောက်အခြေစိုက် Makro ကုမ္ပဏီ၏ ပထမဦးဆုံးရုံးခွဲကို ရန်ကုန်မြို့ တွင် ဖွင့်လှစ်မည်

 

 

Singapore Festival 2020  ကို ရန်ကုန်မြို့ရှိ လူငယ်လူရွယ်များနှင့် မိသားစုများအတွက် ရည်ရွယ်ထားပြီး အစားအသောက်နှစ်သက်သူများ၊ ပါတီပွဲကို နှစ်သက် သူများ၊ အနုပညာမြတ်နိုးသူများ၊ ဈေးဝယ်ထွက်လိုသူများအတွက်လည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။

 

ယဉ်ကျေးမှုအနုပညာကို မြတ်နိုးသူတွေအတွက် ဖြုတ်ယူသိမ်းဆည်းနိုင်သော ပိုစတာနံရံများ၊ လူအများရေးသားထားသော ကဗျာများကို အဆောက်အအုံအလယ်မှာ ရွှေဖဲကြိုးများနဲ့ ချိတ်ဆွဲထားတဲ့ "Our Time"၊ စင်ကာပူပညာရှင် Calvin Pang ရဲ့ ကျောင်းသားများက ပန်းနှင့်တခြားပစ္စည်းများ အသုံးပြုကာဖန်တီးထားတဲ့ နာရီများ စတဲ့ အနုပညာလက်ရာများကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

 

ဖက်ရှင်ချစ်သူများအတွက် စင်ကာပူနဲ့ မြန်မာဖက်ရှင်ဒီဇိုင်နာများ ဖန်တီးထားတဲ့ အဝတ်အထည်၊ အသုံးအဆောင်တွေကို ဝယ်ယူနိုင်မယ့် Designer's Market လည်းရှိပါတယ်။

 

လက်မှတ်နှင့်ပတ်သက်သော အသေးစိတ်အချက်များ

Early Bird (ဇန်နဝါရီ ၁၀ရက်မတိုင်ခင်)     GA 15,000, VIP (2pax) 120,000, VIP (3pax) 180,000

Regular (ဇန်နဝါရီ ၁၁ရက်မှ စတင်၍)     GA 20,000, VIP (2pax) 150,000, VIP (3pax) 225,000

အသက် ၁၂နှစ်အောက် ကလေးများ ဝင်ခွင့်အခမဲ့ဖြစ်ပါတယ်။

 

စားသောက်ကုန်လုပ်ငန်းများကိုသိချင်ရင် ဤနေရာကိုနှိပ်ပါ။

 

နေ့ရက် - ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နှင့် ၂ ရက်

အချိန် - နေ့လယ် ၃နာရီမှ ည၁၀နာရီ

နေရာ - ချင်းချောင်းနန်းတော်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့။

ပွဲတော်ကြီးနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင် အောက်က link လေးမှာ ဝင်ရောက်လေ့လာနိုင်တယ်နော်။  

 

https://bit.ly/2t6l1Bi

#Myanmar Food Industry Directory

 

 

 


 



 


 


 


 

Read More >>>>>  ဘန်ကောက်အခြေစိုက် Makro ကုမ္ပဏီ၏ ပထမဦးဆုံးရုံးခွဲကို ရန်ကုန်မြို့ တွင် ဖွင့်လှစ်မည်

 


 


 


 





 


 


 


 


 


 

https://bit.ly/2t6l1Bi

 


 

Read times Last modified on Monday, 03 February 2020 15:31
Rate this item
(0 votes)