Event & Exhibition



ရန်ကုန်တွင် (၃) ရက် ကျင်းပ ပြုလုပ်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပြပွဲ

နိုင်ငံတကာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ပြပွဲ ( Agri Tech Myanmar ) ကို အင်ယားလိတ် ဟိုတယ်ဝင်း အတွင်းရှိ Yangon Convention Center - YCC တွင် လာမည့် မေလ ၂၆ ရက်မှ ၂၈ ရက်ထိ ( မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ) သုံးရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

 

ယခုပြပွဲသည် (၆) ကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး ခေတ်မီနည်းပညာများ၊ ဆေးဝါးများ၊ မြေဩဇာများ၊ မျိုးစေ့များ၊ ဆန်စက်၊ ဆီစက်နှင့် အခြောက်ခံစက်များ၊ လယ်ဟာသုံးစက်ပစ္စည်းများ၊ မွေးမြူရေးအစာများ၊ ခြံသုံးကန်သုံး ပစ္စည်းများ ပါဝင် ပြသသွားမည် ဖြစ်သည်။

 

ပြပွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများကို ပြည်တွင်းကုမ္ပဏီများအပြင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ တရုတ်၊ ကိုရီးယား စသည့် နိုင်ငံများမှ ကုမ္ပဏီများပါ လာရောက် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် လယ်ယာလုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေနှင့် ငွေကြေး ဝန်ဆောင်မှုများအတွက် ဘဏ်နှင့် အခြားငွေးကြေးဝန်ဆောင်မှုဆိုင်ရာ ကုမ္ပဏီများလည်း ပါဝင် ပြသသွားမည် ဖြစ်သည်။

 

Advertisement

Click Here > Hmwe

 

ပြပွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲများလည်း ပါဝင်ပြီး ဟောပြောမည့် ခေါင်းစဉ်များကို အောက်တွင် ကြည့်ရှုနိုင်သည်။

 

  • မြန်မာ- မလေးရှား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမာန် စိုက်ပျိုး ထုတ်လုပ်တင်ပို့သူများ တွေ့ဆုံ ဆွေးနွေးပွဲ
  • မြန်မာဒူးရင်းသီး စိုက်ပျိုး ထုတ်လုပ် တင်ပို့သူများ တွေ့ဆုံ ဆွေးနွေးပွဲနှင့် ပညာပေး အတွေ့အကြုံ ဖလှယ်ခြင်း အစီအစဉ်
  • မြန်မာ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမာန် စိုက်ပျိုး ထုတ်လုပ်တင်ပို့သူများ တွေ့ဆုံဆွေးနွေးပွဲ
  • မြန်မာနိုင်ငံ ကြက်မွေးမြူရေးဆိုင်ရာ ဆွေးနွေးပွဲ
  • မြန်မာဌက်သိုက် မွေးမြူ ထုတ်လုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ
  • သိုး၊ ဆိတ်၊ နွားနှင့် ဝက်မွေးမြူရေးဆိုင်ရာ ဆွေးနွေး
  • ငါး၊ ပုစွန် မွေးမြူရေးဆိုင်ရာ ဆွေးနွေးပွဲ
  • မြန်မာ -တရုတ်  ငါးပုစွန် မွေးမြူရေးဆိုင်ရာ ဆွေးနွေးပွဲ
  • မြန်မာ့မွေးမြူရေးအစာ၊ ငါးပုစွန်အစာဆိုင်ရာ ဆွေးနွေးပွဲများကို ဝါရင့်ကျွမ်းကျင် ပညာရှင်များမှ ဟောပြော ဆွေးနွေးပေးမည် ဖြစ်သည့်အတွက် သွားရောက် လေ့လာသင့်သည့် ပွဲတစ်ပွဲ ဖြစ်သည်။

 

ပြပွဲနေ့ရက် - မေလ (၂၆) ရက်မှ မေလ (၂၈) ရက်နေ့ထိ

ပြပွဲအချိန် - မနက် (၁၀) နာရီမှ ညနေ (၆) နာရီထိ

ပြပွဲနေရာ - Yangon Convention Center- YCC ( ရန်ကုန်ကွန်ဗန်းရှင်းစင်တာ )

 

ပြပွဲအကြောင်း စုံစမ်း မေးမြန်းရန်

09443059422

0943125185 

Read times Last modified on Friday, 19 May 2023 12:05
Rate this item
(1 Vote)