Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


Myanmar Retail Summit and Expo 2020

Unicode

 

Myanmar Retail Summit and Expo 2020


မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ Myanmar Retail Summit and Expo 2020 ပွဲကြီးကို ဖေဖောဝါရီလ ၇-၈ ရက်များမှာ ကျင်းပသွားမှာ ဖြစ်တဲ့အကြောင်း ဇန်နဝါရီလ (၂၁)ရက် မနေ့က သတင်းနဲ့စာနယ်ဇင်းအဖွဲ့များကို ကျင်းပမယ့်အစီအစဉ်များကို ရှင်းလင်းခဲ့ကြပါတယ်။


ပြပွဲကျင်းပမယ့်နေရာကတော့ သာကေတမြို့နယ်မှာရှိတဲ့ Fortune Plaza တွင်ဖြစ်ပြီး ဖေဖော်ဝါရီ (၇) ရက်နဲ့ (၈) ရက်နေ့အထိ နံနက် (၉) နာရီမှ ညနေ (၆)နာရီအထိ ပြသထားပါမယ်။  ပြည်တွင်းပြည်ပမှ ဟောပြောဆွေးနွေးသူပေါင်း (၂၀) နီးပါး ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။


ပြပွဲတွင် ပါဝင် ပြသမယ့် ဆိုင်ခန်းတွေကတော့ စားသောက်ကုန်၊ လူသုံးကုန်၊ ဖက်ရှင်၊ အိုင်တီနှင့်မိုလ်ဘိုင်း၊ ဆေးဝါး၊ ဆောက်လုပ်ရေး၊ သင်တန်းကျောင်းများ၊ ကျန်းမာရေးနှင့်အားကစား၊ လက်လီအထောက်အကူပြုလုပ်ငန်းများ ... စသည့် ပြခန်းပေါင်း ၁၅၀ ပြသနိုင်ရန် စီစဉ်ထားရှိကြောင်း သိရပါတယ်။

 

Read More >>>>>   ဒုတိယအကြိမ်မြောက် သွေးချင်းတို့ပွဲတော်ဆီ စာနယ်ဇင်းမိတ်ဆက်ပွဲ


ဆိုင်ခန်းဈေးနှုန်းတွေကတော့ ...


- ၃ မီတာပတ်လည် ပြခန်းတစ်ခုအတွက် ကျပ် (၁၀) သိန်း

- ကွန်ဖရင့်နှစ်ရက်လုံးအတွက် ကျပ် (၃၀,၀၀၀)

- ပြခန်းများ အခမဲ့ကြည့်ရှု‌နိုင်

ကွန်ဖရင့်တက်ချင်လို့ဘဲဖြစ်ဖြစ်၊ ပြခန်းပြသချင်လို့ပဲဖြစ်ဖြစ် 09422443257/ 09457694247 (MMRA office team) ကိုဆက်သွယ်ပေးနိုင်ပါတယ်။


ဟောပြောဆွေးနွေးပေးမည့်သူများကတော့ ဖေဖော်ဝါရီလ (၇)ရက်တွင်

ဆရာကြီးဒေါက်တာအောင်ထွန်းသက်
ဒေါ်ဝင်းဝင်းတင့် - (Group CEO - City Holding)
Mr. Kumar Rajagopalan (CEO - Retail Association India)
ဒေါက်တာထွန်းသူရသက် (CEO & Founder - MIT)
ဦးကောင်းငြိမ်းစိုး (MD - Myanmar Shopper - Mystery Shopping Services)
Ms.Rosemarie B Ong (COO - Wilcon Depot Philippine)
ဒေါ်ခိုင်သစ်လွင် (CEO - MDS Myanmar)
Mr. Roy Nicholas Mandey (VP & Commissioner - Matahari Retail - Indonesia)
Mr. Seoung In Jun (President/ CEO - Korea Seven Co., Ltd)


ဖေဖော်ဝါရီလ (၈)ရက်တွင်

ဦးသန့်စင်လွင် (ညွှန်ကြားရေးမှူးချုပ် - DICA)
ဦးမြင့်ဇော် (MD - AYA Bank)
ဦးသောင်းစုငြိမ်း (MD - Information Matrix)
Mr. Qiu TianCi, Leon (CEO - Get All Company Limited)
Mr.Michael Zhou (Chairman - China Shop Association)
ဒေါ်ဇာခြည်လွင် (CEO - Myanmar Barcode Association)
Ms. Eileen Lui (Marketing Consultant)


နှင့်ထပ်မံအတည်ပြုပေးမည့်ဟောပြောဆွေးနွေးသူများစွာပါဝင်မှာဖြစ်ပါတယ်။


#MFID

 

Myanmar Retail Summit and Expo 2020

 


 


 


 

Read More >>>>>   ဒုတိယအကြိမ်မြောက် သွေးချင်းတို့ပွဲတော်ဆီ စာနယ်ဇင်းမိတ်ဆက်ပွဲ

 







 



 

ဖေဖော်ဝါရီလ (၈)ရက်တွင်


 


 

#MFID

 

 

Read times Last modified on Wednesday, 29 January 2020 16:55
Rate this item
(1 Vote)