Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံအစားအစာနှင့် ဧည့်ခံကြိုဆိုရေး ထုတ်ကုန်များဆိုင်ရာပြပွဲတွင် ပြည်ပလေးနိုင်ငံမှ ပြခန်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း

ရန်ကုန်မြို့တွင် ဇွန်လအတွင်း ကျင်းပမည့် မြန်မာနိုင်ငံအစားအစာနှင့် ဧည့်ခံကြိုဆိုရေးထုတ်ကုန်များဆိုင်ရာပြပွဲတွင်

ပြည်ပလေးနိုင်ငံမှ ပြခန်းများ ပါဝင်ပြသရန် စီစဉ်ထားကြောင်း UBM Myanmar အထွေထွေမန်နေဂျာ Mr. Fraser Hawkes ထံမှ သိရပါတယ်။

 

ယင်းပြပွဲကို ဇွန် ၆ ရက်မှ ၈ ရက် အထိ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပရန် စီစဉ်ထားပြီး ယင်းပြပွဲတွင် နိုင်ငံတကာအစးအသောက်များနှင့် ဧည့်ခံကြိုဆိုရေးဆိုင်ရာ ပြည်ပလုပ်ငန်းကုမ္ပဏီေါပ်ငး ၂၀၀ ကျော်နှင့် ပြည်တွင်းကုမ္ပဏီပေါင်း ၃၀ ကျော်တို့ ပါဝင်ပြသ သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ပြပွဲတွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲများ ပါဝင်မှာဖြစ်ပါတယ်။ အစားအသောက်နှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ကဏ္ဍအသီးသီးမှာ ကျမ်းကျင်သူတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

ယင်းပြပွဲတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ မြင့်မားတိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမှာဖြစ်ပါတယ်ဟု Mr.Fraser Hawkes က ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

၎င်းပြပွဲကို အမေရိကန်၊ တောင်ကိုရီးယား၊ စင်္ကာပူနှင့် တူရကီနိုင်ငံတို့မှ ပြခန်းများ ပါဝင်ပြသမည်ဖြစ်ပြီး ဟင်းချက်ပြိုင်ပွဲ၊ ဧည့်ခံကြိုဆိုမှုဆိုင်ရာ ဆွေးနွေးမှုများ၊ ကော်ဖီနှင့် သက်ဆိုင်သော ထုတ်လုပ်မှုဆိုင်ရာ ဆွေးနွေးမှုများလည်း ပါဝင်ကြောင်း သိရပါတယ်။

Read 1183 times Last modified on Tuesday, 18 September 2018 13:29
Rate this item
(1 Vote)