Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဖရဲ၊ သခွားမွှေးပွဲတော် ငါးရက်ကြာကျင်းပမည်

Unicode

မြန်မာ့ဖရဲ၊ သခွားမွှေးပွဲတော် ငါးရက်ကြာကျင်းပမည်


မြန်မာ့ဖရဲ၊ သခွားမွှေးပွဲတော်ကို ရန်ကုန်မြို့ မြေပဒေသာကျွန်းရှိ ဆင်ရုပ်ကြီးရှေ့နေရာတွင် ဖေဖော်ဝါရီ လ ၂၇ ရက်မှ မတ်လ ၂ ရက်အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

 

Soft Drink & Juice (933)အေအးႏွင့္ေဖ်ာ္ရည္လုပ္ငန္းမ်ား (၉၃၃) ခုကိုရွာရန္ႏွိပ္ပါ။

 

ပွဲတော်တွင် မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ဖရဲ၊ သခွားမွှေးမျိုးစုံကို ခင်းကျင်းပြသခြင်း၊ ဈေးနှုန်းချိုသာစွာဖြင့် ရေင်းချခြင်းများအပြင် စားသုံးသူများအနေဖြင့် ဖရဲ၊သခွားမွှေးများ များများဝယ်ယူပါက အထူးဝန်ဆောင်မှုအဖြစ် အိမ်အရောက် ပို့ဆောင်ပေးမယ့် အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။


ပွဲတော်တွင် ဖရဲ၊ သခွားမွှေးသာမက အခြား သီးနှံများပါ ဆိုင်ခန်းပေါင်း ၃၀ ခန့်ဖြင့် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။


Read More >>>>>  စတော်ဘယ်ရီ ဒိန်ချဉ်ရေခဲချောင်း


ယင်းသို့ ပွဲတော်ကျင်းပခြင်းကြောင့်  စားသုံးသူပြည်သူများအနေဖြင့် ပြည်တွင်း စိုက်ပျိုးသည့် ဖရဲ၊ သခွားအမျိုးအစားများနှင့် စိုက်ပျိုးသည့်ဒေသများပါ လေ့လာနိုင်သည့်အပြင် ဝယ်လက်များအနေဖြင့် သီးနှံများကို မြည်းစမ်း၍ နိုင်ငံခြားတင်ပို့ရန် ဈေးကွက်များ ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။


ပွဲတော်ကျင်းပပြီးပါကလည်း တောင်သူနှင့် ကုန်သည်များအနေဖြင့် ယင်းနေရာတွင် ရောင်းချမည်ဆိုပါက ဆက်လက်ရောင်းချခွင့်ကို တိုင်းဒေသကြီးအစိုးရက ခွင့်ပြုထားကြောင်း  မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ ဗဟိုအသင်းဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။


မြန်မာနိုင်ငံတွင် ကယားနှင့် ချင်းပြည်နယ်မှလွဲ၍ စိုက်ပျိုးလျက်ရှိသော ဖရဲနှင့် သခွားမွှေးများကို လာမည့် မေလကုန်အထိ သီးနှံများထွက်ရှိမည်ဖြစ်ကာ တစ်နှစ်လျှင် ဖရဲတန်ချိန် ရှစ်သိန်းကျော်နှင့် သခွားမွှေးတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့လျှက်ရှိကြောင်း သိရပါတယ်။


#MFID

 

 

 

ျမန္မာ့ဖရဲ၊ သခြားေမႊးပြဲေတာ္ ငါးရက္ၾကာက်င္းပမည္

 

ျမန္မာ့ဖရဲ၊ သခြားေမႊးပြဲေတာ္ကို ရန္ကုန္ၿမိဳ ႕ ေျမပေဒသာကြ်န္းရွိ ဆင္႐ုပ္ႀကီးေရွ႔ေနရာတြင္ ေဖေဖာ္ဝါရီ လ ၂၇ ရက္မွ မတ္လ ၂ ရက္အထိ  က်င္းပသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္စိုက္ပ်ဳိးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွ သိရပါတယ္။

 

Soft Drink & Juice (933)အေအးႏွင့္ေဖ်ာ္ရည္လုပ္ငန္းမ်ား (၉၃၃) ခုကိုရွာရန္ႏွိပ္ပါ။

 

ပြဲေတာ္တြင္ ျမန္မာႏိုင္ငံမွ ထြက္ရွိတဲ့ ဖရဲ၊ သခြားေမႊးမ်ဳိးစံုကို ခင္းက်င္းျပသျခင္း၊ ေစ်းႏႈန္းခ်ဳိသာစြာျဖင့္ ေရင္းခ်ျခင္းမ်ားအျပင္ စားသံုးသူမ်ားအေနျဖင့္ ဖရဲ၊သခြားေမႊးမ်ား မ်ားမ်ားဝယ္ယူပါက အထူးဝန္ေဆာင္မႈအျဖစ္ အိမ္အေရာက္ ပို႕ေဆာင္ေပးမယ့္ အစီအစဥ္မ်ားျဖင့္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

ပြဲေတာ္တြင္ ဖရဲ၊ သခြားေမႊးသာမက အျခား သီးႏွံမ်ားပါ ဆိုင္ခန္းေပါင္း ၃၀ ခန္႕ျဖင့္ ဖြင့္လွစ္ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>  စေတာ္ဘယ္ရီ ဒိန္ခ်ဥ္ေရခဲေခ်ာင္း

 

ယင္းသို႕ ပြဲေတာ္က်င္းပျခင္းေၾကာင့္  စားသံုးသူျပည္သူမ်ားအေနျဖင့္ ျပည္တြင္း စိုက္ပ်ဳိးသည့္ ဖရဲ၊ သခြားအမ်ဳိးအစားမ်ားႏွင့္ စိုက္ပ်ဳိးသည့္ေဒသမ်ားပါ ေလ့လာႏိုင္သည့္အျပင္ ဝယ္လက္မ်ားအေနျဖင့္ သီးႏွံမ်ားကို ျမည္းစမ္း၍ ႏိုင္ငံျခားတင္ပို႕ရန္ ေစ်းကြက္မ်ား ရရွိႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ဳိးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္း ဥကၠ႒၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

ပြဲေတာ္က်င္းပၿပီးပါကလည္း ေတာင္သူႏွင့္ ကုန္သည္မ်ားအေနျဖင့္ ယင္းေနရာတြင္ ေရာင္းခ်မည္ဆိုပါက ဆက္လက္ေရာင္းခ်ခြင့္ကို တိုင္းေဒသႀကီးအစိုးရက ခြင့္ျပဳထားေၾကာင္း  ျမန္မာႏိုင္ငံ ဖရဲ၊ သခြားေမႊးစိုက္ပ်ဳိးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ား ဗဟိုအသင္းဥကၠ႒၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

ျမန္မာႏိုင္ငံတြင္ ကယားႏွင့္ ခ်င္းျပည္နယ္မွလြဲ၍ စိုက္ပ်ဳိးလ်က္ရွိေသာ ဖရဲႏွင့္ သခြားေမႊးမ်ားကို လာမည့္ ေမလကုန္အထိ သီးႏွံမ်ားထြက္ရွိမည္ျဖစ္ကာ တစ္ႏွစ္လွ်င္ ဖရဲတန္ခ်ိန္ ရွစ္သိန္းေက်ာ္ႏွင့္ သခြားေမႊးတန္ခ်ိန္ တစ္သိန္းခြဲေက်ာ္ တင္ပို႕လွ်က္ရွိေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Saturday, 22 February 2020 08:53
Rate this item
(0 votes)