Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံတကာသစ်သီးနှင့် အရည်အသွေးမြင့်ထုတ်ကုန်ပစ္စည်းများပြပွဲ၌ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသမည်

ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် မေလ၌ ကျင်းပမည့် နိုင်ငံတကာ သစ်သီးနှင့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများ ပြပွဲတွင်

မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသမည်ဖြစ်ကြောင်း Myanmar Golden Co., မှ ဒါရိုက်တာတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်းပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၂၀ ဦးခန့်နှင့် နိုင်ငံပေါင်း ၅၀ ကျော်မှ သစ်သီးနှင့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သော လုပ်ငန်းရှင်များက ပါဝင်ပြသမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် လုပ်ငန်းရှင်များက ပြည်တွင်းထွက်သစ်သီးများနှင့် အရည်အသွေးမြင့်ထုတ်လုပ်ထားသော စားသုံးကုန်များ၊ လူသုံးကုန်ပစ္စည်းများကို ပြသမည်ဖြစ်ကြောင်း၊ ယင်းပြပွဲတွင် ပြည်တွင်းမှ လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပမှ လုပ်ငန်းရှင်များနှင့် ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်မည်ဖြစ်ပြီး ပြည်တွင်းထွက် ပစ္စည်းများကို ၀ယ်ယူလိုပါက ကာလရှည်စီမံကိန်းဖြင့် ရောင်းချနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။

 

“မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ ဒီပြပွဲကို သွားရောက်ပြသရင်းက ပြည်ပဈေးကွက်အသစ်တွေ ရရှိမယ်လို့ ယုံကြည်လို့ပါ။ ထို့အပြင် လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အခြားဗဟုသုတတွေကိုလည်း ရရှိမှာ”ဟု Myanmar Golden Co., မှ ဒါရိုက်တာတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်းပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် သရက်သီး၊ ကျွဲကောသီးအပါအ၀င် အသီးမျိုးစုံ၊ အရည်အသွေးမြင့်စားသောက်ကုန်၊ ထုတ်ကုန်ပစ္စည်းများအဖြစ် ငှက်ပျောကြော်၊ တခြားအရည်အသွေးမြင့်စားသောက်ကုန်များနှင့် တခြားလူ့အသုံးဆောင်ထုတ်ကုန်ပစ္စည်းများကို ပြသသွား မည်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 15:55
Rate this item
(1 Vote)