Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ရိုးရာအစားအစာများကို လူအများစိတ်ဝင်စားမှု ပိုမိုရရှိစေရန် မိုးရာသီမြန်မာ့ရိုးရာအစားအသောက်ဈေးရောင်း ပွဲတော် ကျင်းပမည်

နိုင်ငံခြားစားသောက် ဆိုင်များ ဖွင့်လှစ်မှုနှင့်စားသုံးမှု များပြားလာချိန်တွင် မြန်မာမုန့် များကို လူအများစိတ်ဝင်စားမှု ပိုမိုရရှိစေရန်

မိုးရာသီ မြန်မာ့ရိုး ရာ အစားအသောက်ဈေးရောင်း ပွဲတော်ကို သြဂုတ် ၂၆ နှင့် ၂၇ ရက်တွင် ကျင်းပမည်ဟု ပဒုမ္မာမြန်မာစားသောက်ဆိုင်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မီးမီးလေးက ပြောသည်။

 

တိုင်းရင်းသား ရိုးရာအစား အသောက်များ၊ မြန်မာမုန့်များ နှင့် လက်ဖက်အမျိုးမျိုးကို ရိုးရာ စားသောက်ဆိုင် ၁၂ဆိုင်ပူးပေါင်း ၍ ပဒုမ္မာမြန်မာစားသောက်ဆိုင် တွင် နံနက် ၈ နာရီမှ နေ့လယ် ၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။

 

 ဈေးရောင်းပွဲတော်တွင် အနည်းဆုံး သုံးရာကျပ်မှ အများ ဆုံး ကျပ်သုံးထောင်ကျော်တန်ဖိုး ရှိသည့် အစားအသောက်များ ရောင်းချမည်ဖြစ်ပြီး ဟင်းအမည် ပေါင်း အနည်းဆုံး ၄၀ ခန့်ပါဝင် မည်ဖြစ်သည်။

 

ဈေးရောင်းပွဲကို မြန်မာ့ရိုးရာ စားသောက်ဆိုင်များ အဖွဲ့နှင့် Myanmore/Sarmal (စားမယ်) တို့ဦးဆောင်ပြုလုပ်ခြင်းဖြစ် သည်။ ‘‘နိုင်ငံခြား အစားအသောက် ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင် တိုးလာတယ်။ ရိုးရာစားသောက် ဆိုင်တွေက ဆိုင်ကြီးတွေရှိပေ မယ့် နည်းနည်းရှားတယ်လို့ ပြော လို့ရတယ်။ နိုင်ငံခြားစားသောက် ဆိုင်တွေနဲ့ယှဉ်ရင် ရိုးရာအစား အသောက်တွေကို ပိုပြီး ဂရုပြုမိ စေဖို့ ဒီပွဲကို စီစဉ်ဖြစ်တာပါ’’ဟု ဒေါ်မီးမီးလေးက ပြောသည်။

 

ရိုးရာအစားအသောက်များ အနက် မြန်မာ့မုန့်ဟင်းခါးကိုနိုင်ငံခြားသားအများစု နှစ်သက်ကြပြီး အသင့်စားမုန့်ဟင်းခါး အနှစ်ထုပ်များလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်သဖြင့် ပိုမို အဆင်ပြေနေသည်ဟု Eat Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မေသင်းနွယ်က ပြောသည်။

 

‘‘အခု မုန့်ဟင်းခါးကို နိုင်ငံ ခြားသားတွေ တော်တော်နှစ်သက်လာကြတယ်။ အသင့်စားမုန့်ဟင်း ခါးဟင်းရည် အနှစ်ထုပ်တွေလည်း ဝယ်ယူကြတယ်။ ပွဲကိုကျင်းပဖြစ် တာကလည်း မြန်မာတွေက နိုင်ငံ တကာအဆင့်မီတယ်၊ သန့်ရှင်းတယ်၊ အရသာရှိတယ်ဆိုတာကို ပြချင်တာပါ။ ရိုးရာအစား အသောက်တွေကို တစ်နေရာတည်းမှာ ရွေးချယ်စားသောက်နိုင်မှာပါ’’ဟု ၎င်းကဆိုသည်။

 

မြန်မာ့အစားအသောက်များ နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များဖြစ်စေရန် ပြင်ဆင်ချက်ပြုတ်ရမည်ဖြစ်ပြီး ဈေးကွက်ထိုးဖောက်မည့် နိုင်ငံ၏ နှစ်သက်မှုအရသာအပေါ် မူတည်၍ ရိုးရာအရသာမပျက်စေဘဲ ချက်ပြုတ်သင့်သည်ဟု ဒေါ်မေသင်းနွယ်က ဆိုသည်။

 

 ဈေးရောင်းပွဲတော်တွင် ထမင်းသုပ်အမျိုးမျိုး၊ လက်ဖက်အမျိုးမျိုး၊ မြန်မာမုန့်အမျိုးမျိုး၊ ကချင်ရိုးရာဟင်းလျာများ၊ ရှမ်းရိုးရာဟင်းလျာများ၊ ရခိုင်ရိုးရာဟင်းလျာများ အစရှိသဖြင့် ပါဝင် မည်ဖြစ်သည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 13:51
Rate this item
(1 Vote)