Event & Exhibition
မြန်မာ့ နံပတ်တစ် နိုင်ငံတကာစားသောက်ကုန်နှင့် ဟိုတယ်လုပ်ငန်းများဆိုင်ရာကုန်စည်ပြပွဲကြီး
မြန်မာ့အကြီးဆုံး စားသောက်ကုန်နဲ့ ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ ကုန်စည်ပြပွဲကြီးကို
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Event Park မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ပြပွဲကြီးမှာ ပြပွဲစီစဉ်သူ AMB Tarsus Company နဲ့အတူ Myanmar Chef Club နဲ့ Myanmar Hospitality Professional Association တို့က ပူးပေါင်းကျင်းပသွားမှာ ဖြစ်ပြီး နိုင်ငံပေါင်း (၂၀) ကျော်နဲ့ ကုမ္ပဏီပေါင်း (၃၀၀) ကျော်တို့က ၀င်ရောက်ပြသကြမှာဖြစ်ကြောင်း သိရပါတယ်။
ယင်းပွဲတွင် အစားအသောက်အသစ်အဆန်း၊ Ideas များ လေ့လာရန်နှင့် Hotel & Restaurant သုံး ပစ္စည်းတင်သွင်းသူများအတွက် တစ်ခုတည်းသော Horeca Professionals ပြပွဲကြီးဖြစ်ပါတယ်။
စိတ်လှုပ်ရှားဖွယ် အစီအစဉ်အနေနဲ့ ကျွမ်းကျင်တဲ့ စားဖိုမှူးတွေရဲ့ ဟင်းချက်စွမ်းရည် ပြိုင်ပွဲများ၊ နိုင်ငံတကာ အစားအသောက်ဆိုင်ရာ နောက်ဆုံးပေါ်ပစ္စည်းတွေနဲ့ ချက်ပြုတ်ရေး ကိရိယာ အထောက်အကူပြု ပစ္စည်းများ၊ ဟိုတယ်နဲ့ အစားအသောက်ဆိုင်ရာ ပစ္စည်းသစ်များကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။
ကုန်စည်ပြပွဲနဲ့အတူ ပူးတွဲကျင်းပမယ့် FOODTEC 2017 EXPO မှာလည်း စားသောက်ကုန်တွေ စနစ်တကျပြုလုပ်ခြင်း၊ ထုပ်ပိုးခြင်းပစ္စည်းတွေကို အဓိက ပြသသွားမှာဖြစ်ပါတယ်။ ထို့အပြင် MYANFUNITURE EXPO 2017 မြန်မာနိုင်ငံ ပရိဘောဂ ကုန်စည်ပြပွဲမှာလည်း ဟိုတယ်ပိုင်းဆိုင်ရာ အဆင်တန်ဆာများ၊ စားသောက်ဆိုင်များ၊ ရုံးနဲ့ရုံးခန်း အဆင်တန်ဆာများ၊ ပရိဘောဂဆိုင်ရာ ကရိယာများကိုလည်း ခင်းကျင်းပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ယင်း ကုန်စည်ပြပွဲကြီးမှာ ပြိုင်ပွဲအနေနဲ့လည်း ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေက PASTRY-MAKING, FRUIT & VEGETABLE CARVING, ICE CARVING, LATTE ART နဲ့အတူ BED-MAKING ပြိုင်ပွဲတွေကိုပါ ပြုလုပ်သွားမှာပါ။