Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားစားပွဲတော်နှင့် ကြက်ဥ၊ ကြက်သားများ ဈေးရောင်းပွဲတော်

ကြက်သားစားပွဲတော်နှင့် ကြက်ဥ၊ ကြက်သားများ အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည့်ပွဲကို ရန်ကုန်မြို့

Junction Square တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တိုင်တိုင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(ဗဟို)၊ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် အသားတိုးကြက်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး ကြက်သားစားပွဲတော်နှင့် သန့်ရှင်းလတ်ဆတ်သော ကြက်ဥ၊ ကြက်သားအရောင်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ကြက်သားစားပွဲတော်အပြင် သန့်ရှင်းလတ်ဆတ်တဲ့ ကြက်ဥ၊ ကြက်သားတွေကို ဆိုင်ခန်းဖွင့်ပြီး အထူးဈေးနှုန်းနဲ့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဈေးဝယ်စင်တာမှာ ရောင်းနေတဲ့ ကြက်ဥ ၁၀ လုံး တစ်ကတ်ကို ၁၄၀၀ ကျပ်နဲ့ ၀ယ်ယူရတာကို ဒီပွဲတော်မှာတော့ တစ်ကတ်ကို ၇၅၀ ကျပ်၊ နှစ်ကတ်ဝယ်ရင် ၁၅၀၀ ၊ သုံးကတ်ဝယ်ရင် ၂၀၀၀ ကျပ် အထူးဈေးနှုန်းနဲ့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ကြက်သားကိုလည်း ဈေးထဲတွင် ရောင်းဈေး တစ်ပိဿာ ၄၀၀၀ ကျပ်ကနေ ၆၀၀၀ ကျပ် အထိ ၀ယ်ယူရတာကို ဒီပွဲတော်မှာတော့ တစ်ပိဿာကို ၃၅၀၀ ကျပ်၊ ၄၀၀၀ ကျပ် နဲ့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းပွဲတော်တွင် ကြက်ဥ၊ ကြက်သားများကို အခမဲ့ ဝေငှကျွေးမွေးခြင်းများအပြင် သန့်ရှင်းလတ်ဆတ်စွာ ထုပ်ပိုးထားသော ကြက်ဥ၊ ကြက်သား၊ ကြက်ကြော်များကိုလည်း ဆိုင်ခန်း ၂၄ ခန်း ဖွင့်လှစ်ပြီး အထူးဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 13:50
Rate this item
(1 Vote)