Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


CP Five Star

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ဝန်းအတွင်းရှိ ကားပါကင်ဝန်းအတွင်းတွင် အစားပြိုင်ပွဲနှင့်

ဟင်းချက်ပြိုင်ပွဲကြီးကို CP Five Star မှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

CP Five Star မှ ပြုလုပ်ခဲ့သည့် ကံစမ်းမဲအစီအစဉ်အတွင်း ကံထူးခဲ့သူများ၏ ပြိုင်ပွဲသာမကဘဲ CP Five Star ၏ ဂိမ်းအစီအစဉ်များဖြင့် ပျော်ရွှင်ဖွယ် ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရပါတယ်။

၎င်းအပြင် ပြိုင်ပွဲ ကျင်းပနေစဉ်အတွင်းတွင်လည်း နိုင်ငံကျော် အဆိုရှင်များဖြစ်ကြသည့် အိမ့်ချစ်နှင့် ရဲရင့်အောင်တို့မှ သီဆိုဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအနေဖြင့် နောက်ဆုံးအဆင့်ထိ တက်လှမ်းနိုင်ပါက နာမည်ကျော်အနုပညာရှင်များဖြင့် တွဲဖက်ပြီး အရသာရှိသည့် ဟင်းပွဲများကို ပြင်ဆင် ချက်ပြုတ်ပြိုင်နိုင်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့၊ စနေနေ့တွင် ကျင်းပပြုလုပ်မည့် အစီအစဉ်များမှာ ပြိုင်ပွဲဝင်များအမည်စာရင်းရေးသွင်းခြင်း၊ သတင်းမီဒီယာများမှ အမည်စာရင်းရေးသွင်းခြင်း၊ အစီအစဉ် တင်ဆက်သူမှ အခမ်းအနားစတင်ဖွင့်လှစ်ခြင်း၊ CP တာဝန်ရှိသူမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အကြိုဗိုလ်လုပွဲအတွက် အုပ်စု ၁၀ စုခွဲကာ စတင်ပြိုင်ဆိုင်ခြင်း၊ ပြိုင်ပွဲဝင်ဆန်ကာတင် ၁၀ ယောက်အား ကြေငြာခြင်း၊ တေးသံရှင် ရဲရင့်အောင်၏ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်အနုပညာရှင်များနှင့် ဆန်ခါတင်ပြိုင်ပွဲဝင် ၁၀ ဦးတို့မှ စင်ပေါ်တွင် နေရာယူခြင်း၊ အချက်အပြုတ်ပြိုင်ပွဲ စတင်ပြိုင်ဆိုင်ခြင်း၊ အကဲဖြတ်ဒိုင်များ စင်ပေါ်တွင် နေရာယူခြင်း၊ တေးသံရှင် အိမ့်ချစ်၏ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်များ၊ ဆုရရှိသူများအား ဆုချီးမြှင့်ကြေငြာခြင်း၊ ပြိုင်ပွဲအခမ်းအနားပြီးဆုံးခြင်းနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း၊ ပြိုင်ပွဲတွင် အနိုင်ရရှိသူများ၊ CP မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ၏ အင်တာဗျူးအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Thursday, 06 September 2018 16:18
Rate this item
(2 votes)