Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


Thai Food Festival

 

ထိုင်း၊ မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အနေနဲ့ ထိုင်းအစားအစာပွဲတော်ကို Novotel Hotel Yangon Max

ရဲ့ The Square စားသောက်ဆိုင်မှာ စက်တင်ဘာလ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

03

 10

Thai Food Festival တွင် နှစ်ပေါင်းများစွာ နိုင်ငံတကာက ထိုင်းသံရုံးတွေမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ထိုင်းနိုင်ငံက စားဖိုမှူး Chef Chayanit Prampate နဲ့ အဖွဲ့က လာရောက်ပြီး ထိုင်းနိုင်ငံရဲ့ အရသာအစုံဟင်းလျာတွေကို နေ့တိုင်း မတူညီအောင် ချက်ပြုတ်တင်ဆက်ပေးမှာဖြစ်ပြီး များပြားလှတဲ့ ဟင်းလျာမျိုးစုံအပြင် အချိုပွဲများကိုလည်း Thai Food Festival မှာ သုံးဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

 

အစားအသောက် ဈေးနှုန်းအနေနဲ့ကတော့ တနင်္လာနေ့မှ ကြာသပတေးနေ့အထိနှင့် စနေနေ့ နေ့လယ်စာကို $29 နဲ့ စနေနေ့ညစာအတွက်ကတော့ $ 35 သတ်မှတ်ထားကြောင်း သိရပါတယ်။ သောကြာနေ့ Thai Seafood Night Special က $39 နဲ့ တနင်္ဂနွေနေ့ Thai Theme Brunch က $37 ဖြစ်ပါတယ်။

 12

ယင်းအပြင် ထိုင်းရိုးရာအက၊ မြန်မာ့ရိုးရာ ဖယောင်းတိုင်အက၊ ဇော်ဂျီအကနဲ့ အသီးအနှံအလှပုံဖော်ခြင်း အစရှိတဲ့ ဖျော်ဖြေမှုတွေကိုလည်း ပါဝင်တင်ဆက်မှာ ဖြစ်ကြောင်း သိရပါတယ်။

18

19

 16

စားသောက်ရာတွင်လည်း ပေးရတဲ့နှုန်းထားနဲ့ တန်အောင်လည်း အစားအစာတွေက အရသာကောင်းပြီး များပြားလှတာမို့ ထိုင်းအစားအစာ နှစ်သက်သူတွေ ထိုင်းအရသာအစစ်ကို ခံစားလိုသူတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ ပွဲတော်တစ်ခုဖြစ်ကြောင်း Food Industry Directory မှ တင်ဆက်ပေးလိုက်ပါတယ်။

 

Novotel Hotel Yangon Max, 5 Floor, The Square Restaurant

 

ဖုန်း - ၀၉-၄၂၅၀၂၅၇၄၉

Read 2314 times Last modified on Tuesday, 18 September 2018 15:18
Rate this item
(1 Vote)