Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


2020 MEA တွင် Carlsberg မြန်မာက ဆုတံဆိပ်လေးခု ဆွတ်ခူး

၂၀၂၀ ပြည့်နှစ် မြန်မာအလုပ်ရှင်များဆုပေးပွဲ (Myanmar Employer Awards 2020) တွင် Carlsberg မြန်မာက

ဆုတံဆိပ်လေးခု ဆွတ်ခူးခဲ့ရာ နိုင်ငံတကာလုပ်ငန်းအမျိုးအစားကဏ္ဍတွင် ရွှေတံဆိပ်ဆုတစ်ဆုနှင့် ကြေးတံဆိပ်ဆုသုံးဆု ရရှိသည်။

 

Carlsberg မြန်မာအကြောင်း

Carlsberg အုပ်စုသည် ဘီယာနှင့် အဖျော်ယမကာများစွာကို ထုတ်လုပ်လျက်ရှိသော ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီး တစ်ခုဖြစ်ပါသည်။ ကုမ္ပဏီ၏အထင်ကရအမှတ်တံဆိပ်တစ်ခုဖြစ်သော Carlsberg ဘီယာသည် ကမ္ဘာပေါ်တွင် လူသိများ ထင်ရှားသည့်ဘီယာတံဆိပ်တစ်ခုဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ ဈေးကွက်ပေါင်း (၁၅၀) ကျော်တွင် ထုတ်လုပ်ရောင်းချ လျက်ရှိနေပြီး ဝန်ထမ်းအင်အား (၄၁,၀၀၀) ခန့်ဖြင်လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီကြီးလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ပထမဆုံးသောနိုင်ငံတကာဘီယာချက်စက်ရုံဖြစ်သည့် ကျွန်ုပ်တို့၏ဘီယာချက်စက်ရုံကို ၂၀၁၅ ခုနှစ်တွင် တရားဝင်စတင်ဖွင့်လှစ်ပြီး Carlsberg ၏ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ဆောင်မှုများကို တရားဝင်စတင်ခဲ့ပါသည်။ ကုမ္ပဏီတွင်လက်ရှိတွင် ဝန်ထမ်းပေါင်း (၇၅၀) ကျော်ခန့်အပ်ထားပါသည်။ Carlsberg နှင့် Tuborg အပြင် မြန်မာစားသုံး သူများ၏ အရသာနှင့် ကိုက်ညီသည့် ပြည်တွင်းဘီယာအမှတ်တံဆိပ်နှစ်ခုဖြစ်သော YOMA နှင့် Black Eagle အမှတ်တံဆိပ် ဘီယာများကိုလည်း ပဲခူးဘီယာချက်စက်ရုံကနေ ထုတ်လုပ်လျက်ရှိပါသည်။

မြန်မာ့အလုပ်ရှင်များဆုပေးပွဲ (Myanmar Employer Awards)

ယခုနှစ်အတွက် ကျင်းပပြုလုပ်သော မြန်မာ့အလုပ်ရှင်များဆုပေးပွဲ (Myanmar Employer Awards) တွင် Carlsberg မြန်မာသည် ၎င်း၏ ထူးချွန်ပြောင်မြောက်သော လူ့စွမ်းအားအရင်းအမြစ်နှင့် တာဝန်သိသော စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များကြောင့် ဂုဏ်ပြုချီးမြှင့်မှုများ ထပ်မံရရှိခဲ့ပြီဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ လ ၁၁ ရက်တွင် အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာအလုပ်ရှင်များဆုပေးပွဲ (MEA) အခမ်းအနား ကြီးတွင် Carlsberg မြန်မာသည် ရွှေတံဆိပ်ဆုတစ်ဆုနှင့် ကြေးတံဆိပ်ဆုသုံးဆုကို ဆွတ်ခူးရယူသွားခဲ့ပါသည်။

Carlsberg မြန်မာသည် Most Innovative Use of Technology in HR အတွက် ရွှေတံဆိပ်ဆုကို ရရှိခဲ့ပြီး Best Use of Career Advancement Program ၊ Best Use of Internal Marketing for Company Pride နှင့် Best Corporate Social Responsibility Engagement ကဏ္ဍတို့အတွက် ကြေးတံဆိပ်ဆုများ ရရှိပိုင်ဆိုင်နိုင်ခဲ့ပါသည်။

Carlsberg မြန်မာ၏အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Mr. Christoph Vavrik က “မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အလုပ်ရှင်တွေ အနက် တစ်ခုအဖြစ် နှစ်နှစ်ဆက်တိုက် အသိအမှတ်ပြုခံရတဲ့အတွက် ကျွန်တော်တို့ အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူ ပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေဟာ ကုမ္ပဏီကို အောင်မြင်မှုလမ်းကြောင်းပေါ် မောင်းနှင်တဲ့နေရာမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အခု ကျွန်တော်တို့ ဆွတ်ခူးရရှိခဲ့တဲ့ ဆုတွေဟာ ဝန်ထမ်းတွေအတွက် အကောင်းဆုံးလုပ်ငန်းခွင် ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့၊ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်ရင်း သူတို့ရဲ့ Career မှာ အကောင်းဆုံး ထွန်းပေါက် အောင်မြင်ဖို့ Carlsberg က လုပ်ဆောင်ပေးနေတာတွေကို ကိုယ်စားပြုနေပါတယ်။ ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ CSR လုပ်ဆောင်ချက်တွေကို အခိုင်အမာ အားပေးထောက်ခံကြပြီး ကျွန်တော်တို့ကို တာဝန်သိစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ် လာစေဖို့ တက်တက်ကြွကြွ ပါဝင်အားဖြည့်ထားကြတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အကောင်းဆုံးအလုပ်ရှင်အဖြစ် Carlsberg ကို အသိအမှတ်ပြုခံရဖို့ အဘက်ဘက်က ဝိုင်းဝန်းအကောင်အထည်ဖော်ပေးခဲ့ကြတဲ့သူ အယောက်စီတိုင်းကို ကျွန်တော်ကျေးဇူးတင်လိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။

နှစ်စဉ်ကျင်းပပြုလုပ်သော မြန်မာအလုပ်ရှင်များဆုချီးမြှင့်ပွဲကြီးသည် မြန်မာနိုင်ငံတစ်ဝှမ်းမှ ထိပ်တန်း အလုပ်ရှင်များနှင့် ၎င်းတို့၏သူမတူသော ဝန်ထမ်းစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ရွေးချယ် ဂုဏ်ပြုပေးနေသည့် အစီအစဉ်တစ်ခုလည်းဖြစ်ပါသည်။ ယခုနှစ်တွင် မြန်မာအလုပ်ရှင်များဆုပေးပွဲက ချီးမြှင့်သည့် လူ့စွမ်းအားအရင်း အမြစ်ကဏ္ဍ (၇) ခုနှင့် အထူးဂုဏ်ပြုဆု (၂) ခုတို့အတွက် လုပ်ငန်းရှင်ပေါင်း (၉၀) ကျော်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ပါသည်။

၂၀၁၉ ခုနှစ်တွင်လည်း Carlsberg မြန်မာသည် Best Use of Internal Marketing for the Company Pride (ငွေတံဆိပ်ဆု) ၊ Best Use of Career Advancement Program (ကြေးတံဆိပ်ဆု) ၊ Best Learning & Development Program (ကြေးတံဆိပ်ဆု) ၊ Excellence in Workplace Environment (ငွေတံဆိပ်ဆု) စသည့် အသုံးချကဏ္ဍမှ ဆုတံဆိပ် (၄) ခုနှင့် မြန်မာလူထုက မဲပေးရွေးချယ်ခဲ့သည့် People’s Choice Award (ငွေတံဆိပ်ဆု) တို့ကို သိမ်းပိုက်ရရှိခဲ့ပါသည်။

ဤကဲ့သို့ ဂုဏ်ပြုဆုများရရှိခြင်းနှင့်အတူ Carlsberg မြန်မာသည် ရှေ့ဆက်၍လည်း မြန်မာနိုင်ငံ၏ အကောင်းဆုံး လုပ်ငန်းခွင်ကို ဖန်တီးတည်ဆောက်သွားမည်ဖြစ်ပါသည်။ Carlsberg မြန်မာသည် ဆက်သွယ်ရေးလမ်းကြောင်း အမျိုးမျိုးမှသော်လည်းကောင်း၊ အလုပ်အကိုင်ပြပွဲများ၊ ဆွေးနွေးပွဲများနှင့် ပံ့ပိုးကူညီမှုများပြုလုပ်ခြင်းဖြင့်သော် လည်းကောင်း ၎င်း၏ အကောင်းဆုံး လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ချက်များကို အများသိမြင်နိုင်စေရန် စီစဉ်မည် ဖြစ်ပါသည်။

ယနေ့အထိ Carlsberg မြန်မာသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း (၁၁၀) ကျော် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး စုစုပေါင်းဝန်ထမ်း (၇၅၀) ကျော်ကို ခန့်အပ်ထားရှိကာ အဆိုပါဝန်ထမ်းအင်အား၏ (၉၉) ရာခိုင်နှုန်းမှာလည်း မြန်မာလူမျိုးများ ဖြစ်ပါသည်။ ယမန်နှစ်က Carlsberg မြန်မာသည် အခွန်ငွေ (၂၅.၈) ဘီလီယံကျပ်ကို ပေးဆောင်ခဲ့ပြီး အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်အများဆုံး ပေးဆောင်ထားသည့် ထိပ်တန်းအခွန် ထမ်းတစ်ဦးအဖြစ်လည်း နိုင်ငံတော်မှ အသိအမှတ်ပြုခြင်း ခံရပြီးဖြစ်ပါသည်။

Read times Last modified on Saturday, 12 December 2020 15:18
Rate this item
(1 Vote)