Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


4th Myanmar Foodbev & 2nd Myanmar Retail Sourcing Expo - 2017

အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း၊ လက်လီရောင်းချမှုစီးပွားရေးလုပ်ငန်းအား တောက်ပသော အနာဂတ်တွင်

ရှေ့သို့ဆောင်ရွက်ရန် ဦးတည်ချက်ဖြင့် (၄) ကြိမ်မြောက် မြန်မာ့အစားအသောက် အဖျော် ယမကာပြပွဲနှင့် ဒုတိယအကြိမ်မြောက် မြန်မာလက်လီရောင်းချမှုပင်ရင်းပြပွဲကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ပြပွဲတွင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံတို့ရှိ ခင်းကျင်းပြသသူများမှ အကောင်းဆုံးနှင့် နောက်ဆုံးတီထွင်ထုတ်လုပ်ပြုပြင်ထားသည့် အစားအသောက်နှင့် အဖျော်ယမကာ ထုတ်လုပ်သူများသာမက လက်လီရောင်းချသည့် စီးပွားရေးလုပ်ငန်းနည်းပညာ၊ ပိုမိုကောင်းမွန် သော ထုတ်လုပ်မှုအဖြေရှာခြင်း၊ အသုံးပြုသည့်စက်ပစ္စည်းကိရိယာများနှင့် လက်လီရောင်းချမှုပင်ရင်း ထွက်ကုန်ပစ္စည်းများကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ပြပွဲ ဒုတိယနေ့ သြဂုတ်လ ၁၈ ရက်နေ့၊ နေ့လည် (၁) နာရီမှ (၄) နာရီအချိန်ထိ လက်လီရောင်းချမှု စီးပွားရေးလုပ်ငန်း ဆွေးနွေးတင်ပြသူများမှ လက်လီရောင်းချမှုလုပ်ငန်းအသုံးအဆောင်များကို အသိပညာ ဗဟုတများ ဦးတည်ချက်များနှင့် နောက်ဆုံးပေါ် သတင်းအချက်အလက်များဖြင့် ရှင်းလင်းပြသွားမည့်သူများမှာ U Khin Maung Nyo (Sr. Economist and Vice President of Myanmar Economic Association)၊ U Thura Maung @ Colin (Retail Banking Director, AYA Bank)၊ Moderator – U Thurein Nyein – Managing Director (Nielsen MMRD – (Myanmar) Co., Ltd.)၊ Daw May Zin Soe Htet (Marketing Director, City Mart Holding Limited.)၊ Daw Tin Su Hlaing (Vice President, Myanmar Retailers Association) တို့က စီးပွားရေးဆိုင်ရာ အသိပညာပေး ဟောပြောသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

၎င်းအပြင် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းများအသင်း (MRA) က ပါဝင်ဆောင်ရွက်ပေါင်းစပ် ဦးဆောင်မှုဖြင့် ဒုတိယအကြိမ်မြောက် ထမင်းချိုင့်အမြန်ထည့်အား ထပ်မံကျင်းပသွားခြင်းနှင့်အတူ Bartenders Association မှလည်း Cocktail ဖျော်စပ်နည်းများကိုလည်း ကျင်းပပြုလုပ်ပြသသွားမှာဖြစ်ကြောင်း သိရပါ တယ်။

 

၂၀၁၇ ခုနှစ်၊ ထမင်းချိုင့်အမြန်ထည့်စိန်ခေါ်ပြိုင်ပွဲကြီးကို သြဂုတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

 

ပြပွဲ ပထမနေ့တွင် နေ့လည် ၁၂ နာရီမှ ၄ နာရီအထိ ပထမအဆင့်တွင် လူ (၁၆) ယောက် (၈) ပွဲ ပြိုင်ဆိုင်ရမှာဖြစ်ပါတယ်။

 

ဒုတိယနေ့တွင် နံနက် ၉ နာရီခွဲမှ ၁၂ နာရီအထိ ဒုတိယအဆင့်တွင် လူ (၈) ယောက် (၄) ပွဲ ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

တတိယနေ့တွင် နံနက် ၉ နာရီမှ ၉ နာရီခွဲအထိ တတိယအဆင့်တွင် လူ (၄) ယောက် (၂) ပွဲ ပြိုင်ဆိုင်ရ မှာဖြစ်ပြီး နေ့လည် ၁ နာရီမှ ၂ နာရီခွဲအထိ နောက်ဆုံးအဆင့် ဖိုင်နယ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 13:51
Rate this item
(1 Vote)