Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


AGRI - LIVESTOCK - FISHERIES EXPO MYANMAR 2017

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့ရှိ Rose Garden Hotel တွင် စိုက်ပျိုးရေး၊

မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကို Minh Vi Exhibition and Advertisement Services Co., Ltd. ၏ ဦးဆောင်မှုဖြင့် ယခုအခါတွင့် စတုတ္ထအကြိမ်မြောက် ပြန်လည် ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။

 agri livestock04

ALA Myanmar 2017 ကုန်စည်ပြပွဲကြီးကို ရန်ကုန်မြို့ရှိ Rose Garden Hotel တွင် UK, Italia, India, Thailand, Taiwan, Malaysia, Korea, China, Japan, Vietnam စတဲ့ နိုင်ငံများမှ လာရောက်ပြသသူ ၄၀ ကျော်နှင့် GREENFEED, VEDAN, VIETVET, MAZZOLENI, PPF POULTRY အစရှိတဲ့ ကုမဏီများမှ ပါဝင်ပြသပြီး ပိုမိုစုံလင်သော နိုင်ငံအသီးသီးနှင့် သက်ဆိုင်ရာ နယ်ပယ်မှ လာရောက်လည်ပတ်သူများနှင့် ကုန်သည်များအား ခန့်မှန်းခြေ ၂၀၀၀ ကျော်နီးပါးခန့် ရှိကြောင်း သိရပါတယ်။

 agri livestock01

ထိုကုန်စည်ပြပွဲကြီးတွင် နိုင်ငံ၏ စီးပွားရေးနှင့် လူသားတို့၏ အသက်မွေးမှုအတွက် အရေးပါသော အခန်းကဏ္ဍ များ ပါဝင်ကြောင်း သိရပါတယ်။

 agri livestock02

ယင်း ကုန်စည်ပြပွဲကြီးသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော နိုင်ငံတကာ ပြပွဲကြီးဖြစ်သည့်အပြင် စိုက်ပျိုးရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုလည်းဖြစ်ပါတယ်။

 agri livestock05

ထိုပြပွဲတွင် ကုန်ပစ္စည်းအသစ်များ၊ ဓာတုပစ္စည်းများနှင့် စက်မှုဆိုင်ရာပစ္စည်းကိရိယာများကို ပြသပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။

 agri livestock06

ပြပွဲတွင် ဟောပြောပွဲအစီအစဉ်များကိုလည်း ထည့်သွင်းထားကြောင်း သိရပါတယ်။

Read 1527 times Last modified on Wednesday, 19 September 2018 13:50
Rate this item
(0 votes)