Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


Grand Wynn Group of Companies မှ လုပ်ငန်းရှင်ကြီးများနှင့် အရောင်းကိုယ်စားလှယ်ကြီးများအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည့် The Best Customer Award အခမ်းအနား

Grand Wynn Group of Companies မှ ၂၁.၁.၂၀၁၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Pan Pacific Hotel တွင်

၂၀၁၇ ခုနှစ်အတွင်း Grand Wynn Group of companies မှ ထုတ်လုပ်၊ တင်သွင်းဖြန့်ဖြူးရောင်းချ ခဲ့သည့် စားသောက်ကုန်ပစ္စည်းများကို အများဆုံးဝယ်ယူသုံးစွဲခဲ့ကြသည့် လုပ်ငန်းရှင်ကြီးများနှင့် ၀ယ်ယူဖြန့်ဖြူးရောင်းချခဲ့ကြသည့် အရောင်းကိုယ်စားလှယ်ကြီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် The Best Customer Award အခမ်းအနားနှင့် Grand Food Mart & 123 Fast Food ဆိုင်များ ဖွင့်လှစ်ခြင်းနှင့် ၂၀၁၈ ခုနှစ်အတွင်း အသစ်တင်သွင်းဖြန့်ဖြူးရောင်းချမည့် Mr.Cain နှင့် Pascual အမှတ်တံဆိပ် ကုန်ပစ္စည်းသစ်များ မိတ်ဆက်အခမ်းအနားကို ၂၁.၁.၂၀၁၈ ညနေ ၆ နာရီမှ ၁၀ နာရီအထိ အောင်မြင်ခမ်းနားစွာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

 

Grand Wynn Group of Companies မှ Chairman ဦးလှဝင်း ကိုယ်စား ဒါရိုက်တာ ဦးဒယ်နီဝင်းမှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး Director ဦးကျော်ဇင်အောင် မှ အခမ်းအနားပြုလုပ်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

 

Grand Wynn Group of Companies မှ Grand Food Mart & 123 Fast Food ဆိုင်များ ဖွင့်လှစ်ခြင်းနှင့် ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းဖြန့်ဖြူးရောင်းချသွားမည့် ကုန်ပစ္စည်း အသစ်များဖြစ်သည့် စပိန်နိုင်ငံမှ ထုတ်လုပ် သည့် Pascual အမှတ်တံဆိပ်၊ USA နိုင်ငံထုတ် Mc. Cain အမှတ်တံဆိပ် အာလူးကြော်များအကြောင်းကို တာဝန်ရှိသူမှ အသေးစိတ်တင်ပြသွားပါတယ်။

 

ပြီးနောက် ၂၀၁၄ ခုနှစ်အတွင်း Grand Wynn Group of Companies Ltd. မှ ဖြန့်ဖြူးရောင်းချသည့် စားသောက်ကုန်ပစ္စည်းများကို အများဆုံးဝယ်ယူအသုံးပြုခဲ့သည့် လုပ်ငန်းရှင်ကြီးများနှင့် အများဆုံး ၀ယ်ယူဖြန့်ဖြူးရောင်းချပေးခဲ့သော အရောင်းကိုယ်စားလှယ်ကြီးများကို တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေး အပ်ခဲ့ပါတယ်။

 

အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လုပ်ငန်းရှင်ကြီးများ၊ အရောင်းကိုယ်စား လှယ်ကြီးများနှင့် အနုပညာရှင်များ၊ စာနယ်ဇင်းအသီးသီးနှင့် ရုပ်သံမီဒီယာမှ တာဝန်ရှိ သူများအား ညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကာ Grand Wynn Group မှ ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်း များကိုလည်း အထူးလျှော့ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည့်အပြင် အမှတ်တရ Door gift လက်ဆောင်များ၊ Lucky Draw အထူးကံစမ်းမဲများပေးအပ်ခဲ့ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:29
Rate this item
(1 Vote)