Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ဆဋ္ဌမအကြိမ် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ (၂၀၂၀)

Unicode


ဆဋ္ဌမအကြိမ် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ (၂၀၂၀)


ဆဋ္ဌမအကြိမ် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ (၂၀၂၀) ကို မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူးပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄ ရက်မှ ၁၆ ရက်) နေ့အထိ ရန်ကုန်မြို့ Fortune Plaza ရှိ Myanmar Expo တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။


ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ

* ပြည်တွင်းရှိ စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
* ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့် စားသောက်ကုန်များအား တစ်စုတစ်စည်းတည်း နိုင်ငံတကာအဆင့်မီ ပြသနိုင်ရေး
* လာရောက်ကြည့်ရှုသောအများပြည်သူများအနေဖြင့် ပြည်တွင်းဖြစ် စားသောက်ကုန်များနှင့် ပြည်ပစားသောက်ကုန်များကို ပိုမိုသိရှိရင်းနှီးလာစေရေး
* လုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးဆက်သွယ်မှုရရှိနိုင်ရေးနှင့် ဈေးကွက်များချဲ့ထွင်နိုင်စေရေး
* စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများနှင့် ခေတ်မီစက်ကိရိယာများ၏ နည်းပညာအဆင့်အတန်းများကို လေ့လာခြင်းဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းများ၏ စံချိန်စံညွှန်းများ မြင့်မားလာစေရေး


ပါဝင်ပြသမည့်အမျိုးအစားများ

* စားသောက်ကုန်အမျိုးမျိုး
* စက်ပစ္စည်းအမျိုးမျိုး
* ထုတ်ပိုးပစ္စည်းအမျိုးမျိုး
* စားသောက်ကုန်သုံးဖြည့်စွက်ဓာတုပစ္စည်းအမျိုးမျိုး
* အာဟာရဖြည့်စွက်စာအမျိုးမျိုး
* လူသုံးကုန်အမျိုးမျိုး
* တိုင်းရင်းဆေး


ပြပွဲတွင်ပါဝင်မည့်လုပ်ငန်းများ

* ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများ
* စားသောက်ကုန်ကဏ္ဍဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် Supporting Industry လုပ်ငန်းများ
* ပြည်တွင်း၊ ပြည်ပမှ Wholesaler, Distributors and Retailers များ
* ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်သူ၊ တင်သွင်း တင်ပို့သည့်လုပ်ငန်းများ
* နည်းပညာနှင့် အကြံပေးလုပ်ငန်းများ
* ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ

 

Read More >>>>>  ပထမအကြိမ် မြန်မာ့စားသောက်ကုန် အရည်အသွေး ထိန်းသိမ်းရေးအခြေခံအဆောက်အအုံ အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ (၂၀၂၀ ခုနှစ်)


ပြပွဲတွင် ပါဝင်မည့်ကဏ္ဍများ

* Product Promotion
* Promotion Conference
* Business to Consumer
* Business Matching
* Seminar, Workshop and Forum အစရှိတဲ့ ကဏ္ဍများ ပါဝင်ပါမယ်။


ပြပွဲတွင် ဆိုင်ခန်းပေါင်း ၁၈၀ ကျော်နှင့် ကုမ္ပဏီပေါင်း (၁၂၀) ကျော်ခန့် ပါဝင်ပြသသွားမှာဖြစ်ပါတယ်။


ပြပွဲတွင် ပါဝင်ပြသသူများအနေဖြင့် နိုင်ငံတကာသို့ မိမိတို့စားသောက်ကုန်များကို လွယ်ကူစွာတင်ပို့ရောင်းချနိုင်မည်ဖြစ်သည့်အပြင် ရောင်းလိုသူနှင့် ဝယ်လိုသူ အကျိုးစီးပွား ဖြစ်ထွန်းနိုင်မည့် အခွင့်အလမ်းများရရှိခြင်း၊ လာရောက်ကြည့်ရှုသူများအနေဖြင့် ပြည်တွင်း၊ ပြည်ပ စားသောက်ကုန်များအား တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း လေ့လာနိုင်သည့်အပြင် သက်သာသော ဈေးနှုန်းများနှင့်လည်း ဝယ်ယူရရှိနိုင်မည့် အခွင့်အလမ်းများ ရရှိမှာဖြစ်ပါတယ်။


ပြပွဲပြသမည့်နေ့ရက် - ၁၄.၂.၂၀၂၀ မှ ၁၆.၂.၂၀၂၀ ထိ
ပြပွဲပြသမည့် အချိန်   - နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ
ပြပွဲပြသမည့် နေရာ   - Fortune Plaza (Myanmar Expo)


Myanmar Food Industry Directory

 

 

 

 

 


 


 



 


* တိုင်းရင်းဆေး

 



 


* Product Promotion
* Promotion Conference
* Business to Consumer
* Business Matching

 

Read More >>>>>  ပထမအကြိမ် မြန်မာ့စားသောက်ကုန် အရည်အသွေး ထိန်းသိမ်းရေးအခြေခံအဆောက်အအုံ အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ (၂၀၂၀ ခုနှစ်)

 


 


 


 


Read times Last modified on Thursday, 06 February 2020 14:33
Rate this item
(0 votes)