Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ဒေသထွက်ကုန်ပစ္စည်းများနှင့် နိုင်ငံတကာဈေးကွက် ချိတ်ဆက်နိုင်မည့် ထုတ်ကုန်ပြပွဲ ကျင်းပမည်

Unicode

ဒေသထွက်ကုန်ပစ္စည်းများနှင့် နိုင်ငံတကာဈေးကွက် ချိတ်ဆက်နိုင်မည့် ထုတ်ကုန်ပြပွဲ ကျင်းပမည်


ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ၂၀၁၉ ခုနှစ်တွင် ပြည့်မြောက်မည့် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် “UMFCCI Centennial International Expo 2019” ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza (Myanmar Expo) တွင် ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လုပ်ငန်းရှင်များအနေနဲ့ ပြပွဲတွင်ကုန်ပစ္စည်းများကို ဝင်ရောက်ပြသနိုင်ပါတယ်။

 

Fruit & Vegetables (Producers/Wholesalers) (412) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်ရောင်းသည့်ဆိုင်များ ၄၁၂ ကိုရှာရန်နှိပ်ပါ။

 

အဆိုပါပြပွဲကြီးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုတို့ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ပြပွဲတွင် နိုင်ငံတကာမှ ကုန်ပစ္စည်းများအပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများမှ ဒေသထွက်ကုန်နှင့် ထုတ်ကုန်ပစ္စည်းများ (Value Added & Semi Finish Products) များကို ပြခန်းပေါင်း (၂၀၀) ကျော်ဖြင့် ပါဝင်ပြသွားမှာဖြစ်ပြီး အသင်းချုပ် ညီနောင်အသင်းအဖွဲ့များမှလည်း -

 

- တိုင်းနှင့်ပြည်နယ်များမှ အရည်အသွေးမီသော ဒေသထွက်ကုန်ပစ္စည်းများ

 

Fruit Sellers (66) သစ်သီးရောင်းဝယ်သူများ (၆၆) ခုကိုရှာရန်နှိပ်ပါ။

 

- လုပ်ငန်းအလိုက်အသင်းများဖြစ်ပါက ပြည်ပပို့ကုန်မြှင့်တင်ရေး နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရောင်းချနိုင်သော ပစ္စည်းများကိုပါ ခင်းကျင်းပြသသွားမှာဖြစ်ပြီး  ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ် (တိုင် ပေ)နှင့် ပြည်တွင်းလုပ်ငန်းရှင်များ မှ စီးပွားရေးပြခန်းများလည်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

မော်တော်ယာဉ်၊ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊ အလှ ကုန်ပစ္စည်းနှင့် အဝတ်အထည်များ၊ လက်ဝတ်ရတနာ၊ စား သောက်ကုန်ပစ္စည်းများ၊ ယာဉ် အပိုပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အ လက်နှင့် နည်းပညာကဏ္ဍမှ ဆိုင်ခန်းများ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>   ထန်းရည်မှ သကြားထုတ်လုပ်ရန် ကိုရီးယားနိုင်ငံက လာရောက်လေ့လာ

 

#Myanmar Food Industry Directory

 

 

 


 


 


 

Fruit & Vegetables (Producers/Wholesalers) (412) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်ရောင်းသည့်ဆိုင်များ ၄၁၂ ကိုရှာရန်နှိပ်ပါ။

 


 


 


 

Fruit Sellers (66) သစ်သီးရောင်းဝယ်သူများ (၆၆) ခုကိုရှာရန်နှိပ်ပါ။

 


 


 

Read More >>>>>   ထန်းရည်မှ သကြားထုတ်လုပ်ရန် ကိုရီးယားနိုင်ငံက လာရောက်လေ့လာ

 

#Myanmar Food Industry Directory

Read times Last modified on Saturday, 22 February 2020 14:38
Rate this item
(1 Vote)